နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာတော့မည့် အမျိုးသား အားကစားပွဲတော် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။ အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ ဖွင့်ပွဲအခမ်းအနားကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနိုင်ရန်နှင့် ပြိုင်ပွဲများကျင်းပခြင်း၊ ယှဉ်ပြိုင်ခြင်းတို့တွင်လည်း အဆင့်အတန်းမီမီ၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြသည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲများတွင် အားကစားနည်း ခြောက်မျိုး၊ အားကစားသမား ၅၂၀၀ ကျော်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပြိုင်ပွဲများတွင် အားကစားနည်း ၂၃ မျိုး၊ အားကစားသမား ၆၆၀၀ ကျော်ဖြင့်လည်းကောင်း၊ မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်း လေးမျိုးတွင် မသန်စွမ်းအားကစားသမား ၁၄၀ ကျော်ဖြင့်လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး […]
ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားပြုအသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ ရင်တွင်းစကားသံများ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ကျင်းပလျက်ရှိရာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားပြုအသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်- ဦးအောင်ကြည်ဝင်း ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ရှမ်းပြည်နယ်ကိုယ်စားပြု ဘတ်စကက်ဘောအသင်း ရွှေတံဆိပ်ဆုရတော့ ဝမ်းသာလို့မဆုံးပါဘူး။ ရှမ်းပြည်နယ်အောင်နိုင်ရေး ကော်မတီဝင်ဖြစ်တာနဲ့အညီ ရှမ်းပြည်နယ်အောင်နိုင်ရေး အတွက် အားကစားသမားတွေ အားရှိအောင်ဆိုပြီး ကစားနည်းမျိုးစုံလိုက်ပြီး လာရောက်အားပေး ချီးမြှောက်တာဖြစ်ပါတယ်။ ရှမ်းပြည်နယ် ဘတ်စကက်ဘောအသင်းရော ရန်ကုန်အသင်းပါ လက်ရည်တူ၊ အရည်အချင်းတူတော့ တစ်မှတ်ရဖို့တောင် အတော်လေး ကြိုးစားရတယ်။ အမှတ်နည်းတဲ့အခါ နှလုံးရောဂါတောင်ရမလားလို့ အဲဒီလောက်ခံစားရတယ်။ နိုင်ငံတော်အစိုးရက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖို့ […]
ကျန်းမာရေးဝန်ကြီးဌာနမှ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ၏ ကျန်းမာရေးအတွက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆပ် ကော်မတီမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့ ဒီဇင်ဘာ ၄ ရက်တွင် ရွာတော်နှင့် Gold Camp တည်းခိုရေးစခန်းများနှင့် မသန်စွမ်းသူများတည်းခိုနေထိုင်သည့် လယ်ဝေးမြို့နယ်အားက စားရုံတို့၌ အစားအသောက်များအား ကျန်းမာ ရေးနှင့်ညီညွတ်မှုရှိစေရေးအတွက် ချက်ပြုတ်ကျွေးမွေးမည့် အစားအသောက်များကိုစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တည်းခိုရေးစခန်းအတွင်းရှိ ရေကန်များအား ကလိုရင်းခပ်ခြင်း၊ သောက်သုံးရေများအား ရေသန့်ဆေးပြားများခပ်ခြင်း၊ အိမ်သာများအား Sodium Hypochlorite ဆေးဖြန်းခြင်း၊ ဈေးဆိုင်များတွင်ရောင်းချသည့် အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ စစ်ဆေးခြင်းများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့အတူ ကျန်းမာရေးဆပ်ကော်မတီမှ ကျန်းမာ ရေးဝန်ထမ်းများမှ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရောဂါဖြစ်ပွားမှုရှိခြင်းများဖြစ်ပေါ်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရန်ပြင်ဆင်မှုများလည်းပြုလုပ်ထားကြောင်း သိရသည်။ Source link
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၂၉။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း (ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် တည်းခိုဆောင်များ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ စားရိပ်သာတွင် နေ့လည်စာ စားသောက်နေမှုများ၊ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများအား တွေ့ဆုံ၍ အားကစားသမားများအနေဖြင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ […]
ဒုတိယဝန်ကြီး ဦးထိန်လင်း အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၂၅)ရက်။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ လာရောက်တည်းခိုမည့် တည်းခိုဆောင်များ ခင်းကျင်းထားရှိမှုများ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ စားရိပ်သာတွင် နေ့လည်စာ စားသောက်နေမှုများ၊ ချက်ပြုတ်ကျွေးမွေးထားရှိမှုများနှင့် ချက်ပြုတ်ရေးပစ္စည်းများ သိုလှောင်ထားရှိုမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ကချင်ပြည်နယ်အသင်းမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ နှုတ်ဆက် […]
နေပြည်တော် နိုဝင်ဘာ ၁၁ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဌ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Cluster-9 တွင် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများကို တည်ခင်းဧည့်ခံ ကျွေးမွေးနိုင်ရန် ချက်ပြုတ် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ တည်ခင်းကျွေးမွေးနေမှု အခြေအနေများကို သွားရောက်ကြည့် ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီအနေဖြင့် ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများ၏ တည်းခိုနေထိုင်ရေးသာမက အားကစားသမားများ စားသုံးမည့် အစားအစာများကို ဧည့်ခံကျွေးမွေးရာတွင် အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်မှုရှိသော အစားအစာများဖြစ်စေရန် စနစ်တကျ ချက်ပြုတ် ကျွေးမွေးနိုင်ရေးအတွက် ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ […]
Credit to Popular Journal – ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင်၊ မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရမည်ဖြစ်ကြောင်း အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။ အောက်တိုဘာ ၃၀ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပသည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ပြီး အားကစားသမားများရွေးချယ်ရာတွင် အရည်အချင်းရှိသူများကို အားကစားနည်းအလိုက် စံနှုန်းများနှင့်အညီ စနစ်တကျ ရွေးချယ်သွားရန်လည်း ပြောကြားသည်။ အလားတူ ပြိုင်ပွဲကြီးပြီးဆုံးပါက ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကိုလည်း ထိုက်တန်စွာဆုချီးမြှင့်၍ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးအပ်ခြင်းဖြင့် အားပေးသွားကြရန်လည်း တိုက်တွန်းပြောကြားသည်။ ထို့အပြင် […]