နေပြည်တော်၊ နိုဝင်ဘာ ၂၄ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိရပ်ကွက်များအတွင်း၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအား လုယက်မှုများမကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပိုတိုင်တန်း ချက်များအရ လုံခြုံရေးတပ်ဖွဲဝင်များက လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆နာရီ ၄၀ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်း၍ လုယက်မှုများကျူးလွန်သည်ဟု မသင်္ကာသူ မြောက်ဥက္ကလာပမြိုနယ်၊ ရွှေပေါက်ကံမြိုသစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅)လမ်း၊ အမှတ် (၅၈၆)၊ အခန်း(၄)နေ စန်းထက်ဝေ(၂၃)နှစ် (ဘ)ဦးဝင်းစန်းအား အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅) လမ်း၌ လုယက်မှုများကျူးလွန်စဉ် စီးနင်းအသုံးပြုခဲ့သည့် Bashan အမျိုးအစားအဖြူ/အပြာရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ […]