နေပြည်တော်၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိရပ်ကွက်များအတွင်း၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအား လုယက်မှုများမကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပိုတိုင်တန်း ချက်များအရ လုံခြုံရေးတပ်ဖွဲဝင်များက လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆နာရီ ၄၀ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်း၍ လုယက်မှုများကျူးလွန်သည်ဟု မသင်္ကာသူ မြောက်ဥက္ကလာပမြိုနယ်၊ ရွှေပေါက်ကံမြိုသစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅)လမ်း၊ အမှတ် (၅၈၆)၊ အခန်း(၄)နေ စန်းထက်ဝေ(၂၃)နှစ် (ဘ)ဦးဝင်းစန်းအား အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅) လမ်း၌ လုယက်မှုများကျူးလွန်စဉ် စီးနင်းအသုံးပြုခဲ့သည့် Bashan အမျိုးအစားအဖြူ/အပြာရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ တရားခံ စန်းထက်ဝေသည် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မြမဉ္ဇူလမ်းမပေါ်၌ လမ်းလျှောက် လာသော အမျိုးသမီးတစ်ဦးထံမှ ဘေးလွယ်အိတ်အား လုယက်ထွက်ပြေးခဲ့ပြီး ၎င်းလွယ်အိတ်အတွင်းမှ TAB 8 Pro အမျိုးအစား Tablet ၁ လုံး၊ Samsung A05s အမျိုးအစား အစိမ်းရောင် လက်ကိုင်ဖုန်း၁ လုံးနှင့် ငွေစက္ကူရောရာ ၁ဝဝ,ဝဝဝ ကျပ်တိုအားရရှိခဲ့ပြီး TAB 8 Pro အမျိုးအစားTablet အား လမ်းသွားလမ်းလာ ကလေးငယ်တစ်ဦးအား ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဆက်လက်စစ်ဆေးချက်အရ တရားခံ ဆန်းထက်ဝေသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များဖြစ်သည့် အမှတ်(၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၈ နှင့် ၄၄)ရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးအား ၁၀ ကြိမ်တိတိ ဆိုင်ကယ်စီးနင်း၍ ဆွဲယူလုယက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ပေါ်ပေါက်ချက်အရ လုယက်ရရှိထားသည့် လက်ကိုင်ဖုန်းများအား မြောက်ဥက္ကလာပမြိုနယ်၊ (ဇ)ရပ်ကွက်ရှိ Mobile Point ဖုန်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်ဖြစ်သူ မင်းဇင်မောင်(ခ)ပါကြီး(၃၃)နှစ် (ဘ)ဦးကျော်ဝင်းထံတွင် ရောင်းချထားကြောင်းသိရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက် ရှာဖွေခဲ့ရာလုယက်မှုကျူးလွန်ရာမှရရှိသည့် Samsung A05s အမျိုးအစားလက်ကိုင်ဖုန်းအပါအဝင် လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးတိုအားသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအကြိမ်ကြိမ် လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ဆန်းထက်ဝေနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် သက်သေခံလက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူ ထားရှိသူ မင်းဇင်မောင်(ခ)ပါကြီးတိုနှစ်ဦးအား သက်သေခံ လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးတိုနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်း၌ လုယက်မှုတစ်ခုစီအတွက် အမှုအသီးသီးရေးဖွင့်ဆောင်ရွက်ထားရှိကြောင်းနှင့် အလားတူ ဒုစရိုက်မှုများကျူးလွန်မှု မရှိစေရေး မိဘပြည်သူများအနေဖြင့် နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသိပေး သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Join – https://t.me/MyanmarNationalPost