မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ PDF တပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်းက ပြောပါတယ်။၅ ဦးအနက်မှာ ၃ ဦးကတော့ ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးဖြစ်ပါတယ်။ နောက်တဦးကတော့ LPDF အဖွဲ့တခုမှအမျိုးသမီးတပ်ဖွဲ့ဝင်ဖြစ်ပြီး နောက်တဦးကတော့ တပ်ရင်းတပ်ဖွဲ့မသိရပါဘူး။ အမှတ် ၁၆ PDF တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က အလုပ်ကိစ္စနဲ့ ဆိုင်ကယ် ၁ စီးကို ၃ ဦး စီးသွားချိန် ရေပြာရဲစခန်းစစ်ဆေးရေးဂိတ်အနီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ LPDF အဖွဲ့တခုမှ တပ်ဖွဲ့ဝင်နဲ့ ရဲမေကတော့ မေလဝန်းကျင်က […]