ylliX - Online Advertising Network

ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ

ဟားခါး , ဇန်နဝါရီ ၅ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်က ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အလံတင်အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွင့်တင်ခဲ့ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအလေးပြုကြသည်။ ဆက်လက်၍ နံနက် ၇ နာရီတွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရီပျံချီ မဟာသရေစည်သူ စိုးဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရီပျံချီ မဟာသရေစည်သူ စိုးဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား တက်ရောက်သည်။ နေပြည်တော်၊ ဇန်နဝါရီလ  ၄ ရက်                  Source link

မြဝတီခရိုင်၌(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မြဝတီ , ဇန်နဝါရီ ၄ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၊ မြစန္ဒီပန်းခြံနှင့် City Home ခန်းမတို့တွင် ကျင်းပသည်။ ဦးစွာ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၊ မြစန္ဒီပန်းခြံ၌ နံနက် ၄ နာရီ ၂၀ မိနစ် အချိန်တွင် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး နံနက် ၇ နာရီတွင် City Home ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး […]

အာဆီယံကော်မတီ (တိုကျို)အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၁၈-၁၂-၂၀၂၄ ရက်)

(၁၈-၁၂-၂၀၂၄ ရက်၊ တိုကျိုမြို့)  တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ လက်ရှိဥက္ကဋ္ဌဖြစ်သော လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN မှ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany သို့ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့) တွင် တိုကျိုမြို့ရှိ Sunshine Cruise Restaurant တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။ အဆိုပါအခမ်းအနားနှင့်နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် အာဆီယံ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် နေပြည်တော်၊ ဒီဇင်ဘာ – ၁၅          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်း စွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။          အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး […]

အာဆီယံကော်မတီဝါရှင်တန် (ACW)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပွဲ အခမ်းအနားနှင့် နှစ်သစ်ကူးအကြိုဧည့်ခံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် (၁၂-၁၂-၂၀၂၄ ရက်)

(၁၂-၁၂-၂၀၂၄ ရက်၊ ဝါရှင်တန်) ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Jose Manuel G. Romualdez က အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးလွှဲပြောင်းသည့် အခမ်းအနားနှင့် နှစ်သစ်ကူးအကြို ဧည့်ခံပွဲကို ၁၂-၁၂-၂၀၂၄ ရက်၊ ညနေပိုင်းတွင် ဖိလစ်ပိုင်သံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာတာဝန်ရှိသူများနှင့် အာဆီယံသံရုံးများနှင့် မိတ်ဆွေနိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့ကြပါသည်။ ဖိလစ်ပိုင် သံအမတ်ကြီးက အာဆီယံကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း […]