ylliX - Online Advertising Network

အိုင်စီစီတရားသူကြီးတွေဟာ မင်းအောင်လှိုင်ကိုဖမ်းမယ့်ဝရမ်းအပေါ် ဆုံးဖြတ်ရတော့မှာ ဖြစ်ပြီး ဒါနဲ့ပက်သက်လို့ယူဆပြောဆိုချက်များစွာ ထွက်ရှိလာပါတယ်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုချက်ကို တရားသူကြီးတွေက ဆုံးဖြတ်ရတော့မှာပါ။ ရုံးတော်ကိုလျှောက်ထားချက်တွေဟာ ပိုင်နိုင်ခိုင်လုံတဲ့စွဲချက်တွေဖြစ်ကြောင်းသိရပြီး နောက်ထပ် စွဲချက်တွေလည်း ထပ်လာဦးမယ်လို့ ရှေ့နေချုပ်ကဆိုထားပါတယ်။ စနစ်တကျအချိန်ယူပြင်ဆင်ထားတဲ့ စွဲချက်တွေဖြစ်လို့ တရားသူကြီးတွေဘက်က ဒီဖမ်းဝရမ်းလျှောက်ထားချက်ကို ပယ်ချမှာမဟုတ်ဘူးလို့လည်း သတင်းများက ဆိုပါတယ်။ ဒီသတင်းတွေဟာ ကမ္ဘာ့မီဒီယာတွေပေါ်မှာလည်းလူပြောသူပြောလည်း များခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရပြောတာကတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်တပ်ဆီက တရားမျှတမှု ပြန်တောင်းယူဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီသဘောထားအမြင်ကို ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ ရိုဟင်ဂျာအရေး အဆင့်မြင့် ကိုယ်စားလှယ် ခါလီလူရာမန်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေခြင်းဟာ တရားမျှတမှုပြန်ရဖို့ ပြတ်သားတဲ့ခြေလှမ်းတရပ်ဖြစ်လာမယ်လို့ ယူဆကြောင်း သူကဆိုပါတယ်။ အကြမ်းဖက်အုပ်စုအနေနဲ့ အဓိကမှီခိုအားကိုးနေရတဲ့ မြန်မာ့အိမ်နီးချင်းတရုတ်ကတော့ […]