ylliX - Online Advertising Network

ကျားဖြန့်လုပ်ငန်းမှထွက်ပြေးတဲ့ အင်ဒိုနီးရှား ၃၂ ဦးကို ထိုင်းမှာ ဖမ်းမိ

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးသည့် အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ဇန်နဝါရီလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွှက်‌ကျေးရွာအုပ်စု၊ ဝမ်းစကင်းကျေးရွာအနီးတွင် ထိုင်းတပ်မတော်က ဖမ်းမိထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။#crd Source link

သီအိုဇော် – အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်း တစေ့တစောင်း

သမ္မတဂျိုကိုဝီဒိုဒို အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Great Indonesia Movement Party (Gerindra) ပါတီခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)ဟာ ကမ္ဘာမှာ အစ္စ လာမ် ဘာသာဝင်ဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှစ်ကြိမ်မြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။ အဲဒီ နောက် ယခင်အစိုးရအဖွဲ့ထက် ပါဝင်သူ (၃)ဆကျော်ခန့်ရှိတဲ့ အဖွဲ့ဝင်အဆင့်ဆင့်ပေါင်း ၁၀၉ဦးပါ အင်ဒိုနီးရှားနိုင်ငံ သ မိုင်းရဲ့ အကြီးမားဆုံး အစိုးရအဖွဲ့လည်း ထွက်ပေါ်လာပါတယ်။ ‘ပရာဘိုဝို’ဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ အာဏာရှင် ဆူဟာတိုရဲ့ သမက်ဟောင်း၊ အထူးတပ်ဖွဲ့ (Kopassus)ကို ခေါင်းဆောင်ခဲ့သူ၊ သန်းကြွယ်သူဌေးတဦးဖြစ်ပြီး ဆူဟာတိုလက်ထက်က သူ့ရဲ့ ပတ်သက်လုပ်ဆောင်မှုတွေ ကြောင့် ‘ကလင်တန်၊ ဘုရှ်၊ အိုဘားမား’ အစိုးရ (၃)ဆက်လုံးက အမေရိကန်နိုင်ငံ […]

အင်ဒိုနီးရှား၏ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်သည် ၎င်း၏ သမိုင်းကို ရိုင်းစေခဲ့ပြီ

အင်ဒိုနီးရှား၏ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်သည် ၎င်း၏ သမိုင်းကို ရိုင်းစေခဲ့ပြီနိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၄ ဂျိုကိုဝီဒိုဒိုသည် ဆင်းရဲသားရပ်ကွက်တစ်ခုမှ သမ္မတရာထူးအထိ တက်လာခဲ့သည်။ သို့သော် ၎င်း၏ရာထူးသက်တမ်းကုန်ဆုံးပြီးနောက် ၎င်းကိုယ်တိုင် နိုင်ငံရေးမင်းဆက်ကို ထူထောင်ရန် ကြိုးပမ်းခြင်းဖြင့် ဒီမိုကရေစီကို ထိခိုက်စေသည်ဟု စွပ်စွဲခံနေရသည်။ Sui-Lee Wee မှ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ Newyork Times သတင်းစာအတွက် သတင်းပေးပို့သည်။ “အရေးပေါ်သတိပေးချက်” ဟူသော တိုက်ပွဲခေါ်သံများသည် သြဂုတ်လတွင် အင်ဒိုနီးရှားတွင် ဆန္ဒပြသူများကို လှုပ်နိူးလိုက်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း 30 ခန့်ကတည်းကအာဏာရှင်စနစ်မှ လွတ်မြောက်ခဲ့သော ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံကို ကာကွယ်ကြရန် ကြွေးကြော်သံတစ်ခုဖြစ်သည်။ ထောင်နှင့်ချီသော ဆန္ဒပြသူများသည် လမ်းများပေါ်ထွက်ခဲ့ကြသည်။ အချို့က ဒေါသတကြီးဖြင့် လွှတ်တော်ဂိတ်များကို ထိုးဖောက်ဝင်ရောက်လာကြသည်။ သူတို့မြင်တဲ့အတိုင်း အန္တာ့ရယ်ကိုယ်တိုင်က […]

ကမ္ဘာ့အကြီးဆုံး ကျွန်းနိုင်ငံ အင်ဒိုနီးရှား (Indonesia)

ကျွန်းနိုင်ငံကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံးကျွန်းနိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာ ကျွန်းအများဆုံးရှိတဲ့နိုင်ငံလည်း ဖြစ်လို့နေပါတယ်။ ကျွန်းတွေများလွန်းလို့ ကျွန်းပေါင်းဘယ်လောက်ရှိလဲ အတိအကျ မရေတွက်နိုင်ကြပါဘူး။ ခန့်မှန်းချေအနေနဲ့ကတော့ ကျွန်းပေါင်း ၁၇၀၀၀ ကျော်ရှိမယ်လို့ သိရပါတယ်။ ဒီကျွန်းတွေအနက် ကျွန်းပေါင်း ၈၈၀၀ ကျော်မှာသာ အမည်ရှိပြီး လူနေထိုင်တဲ့ ကျွန်းတွေကလည်း ၉၀၀ကျော်လောက်သာရှိပါတယ်။ ကျွန်းပေါင်းများစွာရှိတဲ့အနက် ဂျာဗား၊ ဆူမားတြားနဲ့ ဘာလီကျွန်းတွေက အထင်ရှားဆုံးကျွန်းတွေပါ။ ကမ္ဘာ့ဒုတိယ၊ တတိယနဲ့ ဆဌမ အကြီးဆုံးကျွန်းတွေကလည်း အင်ဒိုနီးရှားမှာ ရှိနေပါတယ်။ ကျွန်းတွေများတော့ ကမ်းရိုးတန်းတွေကလည်း များတာကြောင့် ကမ်းရိုးတန်းတွေ အားလုံးပေါင်းလိုက်ရင် ကီလိုမီတာပေါင်း ၅၄၇၁၆ရှိလို့ ကမ္ဘာပေါ်မှာ ဒုတိယကမ်းရိုးတန်းအရှည်ဆုံးနိုင်ငံလည်း ဖြစ်လို့နေပါတယ်။ အာဆီယံနိုင်ငံတွေထဲ အကြီးဆုံးနိုင်ငံဖြစ်သလို နိုင်ငံအရှေ့ဘက်အစွန်းကနေ အနောက်ဘက်အစွန်းထိအရှည်က ကီလိုမီတာပေါင်း ၅၁၂၀ရှိပါတယ်။ နိုင်ငံကကျယ်တော့ တစ်နိုင်ငံထဲ စံတော်ချိန် ၃မျိုးရှိလို့နေပါတယ်။ […]