ylliX - Online Advertising Network

သီအိုဇော် – အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်း တစေ့တစောင်း


သမ္မတဂျိုကိုဝီဒိုဒို အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Great Indonesia Movement Party (Gerindra) ပါတီခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)ဟာ ကမ္ဘာမှာ အစ္စ လာမ် ဘာသာဝင်ဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှစ်ကြိမ်မြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။ အဲဒီ နောက် ယခင်အစိုးရအဖွဲ့ထက် ပါဝင်သူ (၃)ဆကျော်ခန့်ရှိတဲ့ အဖွဲ့ဝင်အဆင့်ဆင့်ပေါင်း ၁၀၉ဦးပါ အင်ဒိုနီးရှားနိုင်ငံ သ မိုင်းရဲ့ အကြီးမားဆုံး အစိုးရအဖွဲ့လည်း ထွက်ပေါ်လာပါတယ်။

‘ပရာဘိုဝို’ဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ အာဏာရှင် ဆူဟာတိုရဲ့ သမက်ဟောင်း၊ အထူးတပ်ဖွဲ့ (Kopassus)ကို ခေါင်းဆောင်ခဲ့သူ၊ သန်းကြွယ်သူဌေးတဦးဖြစ်ပြီး ဆူဟာတိုလက်ထက်က သူ့ရဲ့ ပတ်သက်လုပ်ဆောင်မှုတွေ ကြောင့် ‘ကလင်တန်၊ ဘုရှ်၊ အိုဘားမား’ အစိုးရ (၃)ဆက်လုံးက အမေရိကန်နိုင်ငံ ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူ ဖြစ်တယ်ဆိုတဲ့အကြောင်း ရေးသားခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့တတိယ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ကြီးက မဲဆန္ဒရှင် သန်း(၂၀၀)ကျော်ရဲ့ ရွေးချယ်မှုကို အသိအမှတ် ပြုကြရမှာပါ။

ရွေးကောက်ပွဲ ပြီးဆုံးသွားကတည်းက အမေရိကန်ပြည်ထောင်စုက တာဝန်ရှိသူများနဲ့ ၇ ကြိမ်၊တရုတ် နိုင်ငံတာဝန် ရှိသူများနဲ့ ၆ ကြိမ်တွေ့ရှိခဲ့တဲ့ ‘ပရာဘိုဝို’က ဘက်မလိုက်နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးမယ်လို့ ကတိစကား ပြော ကြားထားသူပါ။ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းမှာ ကိုလိုနီစနစ်မှန်သမျှ ဆန့်ကျင်ပြီး တကမ္ဘာလုံးက ဖိနှိပ်ခံ ပြည်သူတွေရဲ့ အကျိုးကို အကာအကွယ် ပေးသွားမယ် ဆိုတာလည်း ပါဝင်ပါတယ်။

သူ့အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို အကောင်အထည် ဖေါ်ဆောင်သွားမယ့် နိုင်ငံခြားရေးဝန်ကြီးသစ် အ ဖြစ် အသက် ၄၅နှစ် အရွယ် ‘ဆူဂျီရိုနို’ ( Sugiono) ကို ခန့်အပ်ခဲ့ပါတယ်။ ဒီရာထူးအတွက် တရားဝင်ရွေးချယ် မခံရ မီကတည်းက သူက ‘ ကျနော်က စစ်သားတယောက်ပါ၊ ဘာတာဝန်ပဲပေးပေး တာဝန်အပြည့်ယူပြီး အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်မှာပါ’လို့ ပြောခဲ့တဲ့ ‘ဆူဂျီရိုနို’ဟာ အင်ဒိုနီးရှားစစ်တပ်မှာ အရာရှိငယ် ဗိုလ်တယောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

Gerindra ပါတီရဲ့ ဒုဥက္ကဌများထဲကမှ တယောက်အပါအဝင်ဖြစ်တဲ့ ‘ဆူဂျီရိုနို’ ဟာ အမေရိကန်နိုင်ငံ Vermont မှာရှိ တဲ့ Norwich University က ကွန်ပြူတာအင်ဂျင်နီယာ ဘာသာရပ်ကို ဆည်းပူးခဲ့သလို၊ ဂျာမနီနိုင်ငံ University of Konstanz ကနေ စီးပွါးရေးစီမံခန့်ခွဲမှု မဟာဘွဲ့ကိုလည်း ရယူထားသူ ဖြစ်ပါတယ်။ အစဉ်အလာအရဆိုရင် ၂၀၀၁ခုနှစ်ကတည်းက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူတွေဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း အမှုထမ်းတွေ၊ သံတမန်တွေ ဖြစ်ပါတယ်။

အရင်နိုင်ငံခြားရေးဝန်ကြီး ‘ရက်နိုမာဆူဒီ’ ဆိုရင်အင်ဒိုနီးရှား သံအမတ်ကြီး အဖြစ် ‘နော်ဝေနိုင်ငံ၊အိုက်စ်လန် နိုင်ငံ’ တို့မှာ (၂၀၀၅-၂၀၀၈) ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ၊ ၂၀၀၈-၂၀၁၂ခုနှစ် အတွင်းမှာတော့ နိုင်ငံပေါင်း(၈၀) ကျော်အတွက် တာဝန်ယူရတဲ့ အမေရိကတိုက်နဲ့ ဥရောပတိုက်ရေးရာ ညွှန်ကြားရေးမှူးချုပ်ရာထူးကို ခန့်အပ်ခံရ သူ၊နိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင်မှာ နယ်သာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး (၂၀၁၂-၂၀၁၄)ခုနှစ် ဖြစ် ခဲ့သူပါ။

‘ပရာဘိုဝို’ ရဲ့ အတွင်းစည်းထဲက ရွေးကောက်ခံ နိုင်ငံရေးသမား ‘ ဆူဂျီရိုနို’ ဟာ ပါတီတွင်း အရေးပါတဲ့တာဝန်တွေ ရယူထားသူ ဖြစ်ပေမယ့်၊ ဖေါ်ပြခဲ့သလို ဝါရင့်သံတမန် ရက်နိုမာဆူဒီလို နိုင်ငံခြားရေးရာမှာ အတွေ့အကြုံ ကြွယ် ဝသူတဦး မဟုတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် သူ့ကို အကူအညီပေးဖို့ ဒု-နိုင်ငံခြားရေးဝန်ကြီး ၃ ယောက် ခန့် အပ်ထားပါတယ်။

အဲဒီထဲက နှစ်ယောက်ကတော့ အတွေ့အကြုံ ရှိတဲ့ သံတမန်များ ဖြစ်ပါတယ်။ Arif Havas Oegroseno က လက်ရှိ ဂျာမနီနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဖြစ်ပါတယ်။ နောက်တဦးကတော့ ဦးကျော်မိုးထွန်းရာထူးလို ကုလ သမဂ္ဂ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဖြစ်တဲ့ Arrmanatha Nasir ဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ ပတ်သက်ပြီး အ တွေ့အကြုံ နှစ်ပေါင်း (၂၀)ကျော် ရှိသူလို့ ဆိုပါတယ်။

ဒီပုံကိုသာကြည့်ရရင် ‘ဆူဂျီရိုနို’ရဲ့ ကနဦး နိုင်ငံခြားရေးဝန်ကြီး အတွေ့အကြုံ သင်ယူနေဆဲ ကာလမှာ ‘ပရာဘိုဝို’ရဲ့ လွှမ်းမိုးမှုကို သိသိသာသာ တွေ့နေရလိမ့်မယ်လို့ ယူဆရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ ဟဲဗီးဝိတ် နိုင်ငံ တခုပါ။ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ရပ်တည်ချက်ဟာ အတိုင်းအတာတခုအထိ ကျန်အာဆီယံ အဖွဲ့ဝင် တွေ အပေါ်မှာ ကောင်းစွာ သက်ရောက်နိုင်ပါတယ်။ သမ္မတဂျိုကိုဝီအစိုးရ သက်တမ်းကုန်ခါနီးမှာ တော်လှန်ရေး အင် အားစုများချည့် ဖိတ်ခေါ်ပြီး ဂျကာတာမှာ တွေ့ဆုံစည်းဝေးစေခဲ့တာမျိုး ‘ပရာဘိုဝို’ အစိုးရသစ်လက်ထက် မှာ ထပ်ဖြစ်ပေါ်နိုင်ပါဦးမလား။

‘ပရာဘိုဝို’ရဲ့ လာရာကိုသာ ကြည့်ပြီး အကဲဖြတ်ကြရရင်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူများ အ နေနဲ့ စိတ်မသက်မသာ ဖြစ်ကြရမှာပါ။ ဒါမှမဟုတ်ပဲ ‘ပရာဘိုဝို’အနေနဲ့ စာမျက်နှာသစ်ဖွင့်ပြီး ဦးဆောင်သွား လေ မလား ဆိုပြီး လားရာကို အချိန်ယူ စောင့်ကြည့်ဖို့လို့လည်း စဥ်းစားနိုင်ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း၊ အာဏာရှင်သမက်ဟောင်း တယောက်က စစ်ကောင်စီကို ထွက်ပေါက်ပေးချင်တဲ့ နောက်တိုး အင်အားစုလား ဆိုတာကို မကြာခင်မှာပဲ သိလာရပါလိမ့်မယ်။ မျက်မှောက်ကာလမှာ နွေဦးတော်လှန်ရေးအပေါ် အကောင်းမြင်စရာ အချက်အလက်များစွာ တွေ့ရှိထားရသလို၊ တဘက်မှာ အာဆီယံအပါအဝင် အိမ်နီးချင်း နိုင်ငံ တွေ၊ အနောက်အုပ်စုနဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးရဲ့ ရှုမြင်ချဉ်းကပ် တွန်းအားပေးပုံ အပြောင်းအလဲတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့၊ အရင်ထက် ပိုမိုလိုအပ်လာတဲ့ အချိန်ကာလလို့လည်း နားလည်ထားကြရတော့ မယ် ထင်ပါတယ်။

သီအိုဇော်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *