အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသည်ဟုဆိုကာ အငြိမ်းစားရဲမှူး ဦးရွှေဇံကို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဖမ်းဆီးသွားကြောင်း သိရသည်။ သာကေတမြို့နယ် အမှတ် (၇) အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက ၎င်း၏ နေအိမ်သို့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က စစ်သား၊ ရဲသား လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အာရက္ခတပ်တော် AA ထောက်ခံသည့် စာသားများ ရေးသားကာ စစ်ကောင်စီအား ဆန့်ကျင်လှုံ့ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် အငြိမ်းစား ရဲမှူး ဦးရွှေဇံကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ဦးရွှေဇံအား ဖမ်းဆီးရန် ၎င်း၏ နေအိမ်အား ရှာဖွေမွှေနှောက်၍ Iphone 13 […]
(၁-၁၁-၂၀၂၄၊ ဂျကာတာ) အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်က ၁-၁၁-၂၀၂၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ၁-၁၁-၂၀၂၄ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်ကင်မ်ဟွန်က သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်က လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အောက်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ (၃) နှစ်တာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။ Source link