သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို အခြေပြု၍ ဆုံးရှုံးလိုက်ရသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ဖွဲ့စည်းပုံ ယန္တရားအတိုင်း အင်အားတိုးချဲ့၍ ပြင်ဆင် စုဖွဲ့နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်အတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သည် မိုင်းရယ်မြို့ကို အခြေပြုကာ ရမခ ဖွဲ့စည်းပုံအတိုင်း စက်တင်ဘာလမှ စတင်၍ စစ်အင်အား ပြင်ဆင်စုဖွဲ့နေပြီး လားရှိုးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပါက အစားထိုးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ စစ်ကောင်စီ မိုင်းရယ် အင်အားဖြည့် “စစ်တပ်ကတော့ တပ်အပြောင်းအရွှေ့လုပ်တာ ပုံမှန်လိုတောင် ဖြစ်နေပြီ။ တောင်ကြီး၊ ခိုလမ်က စုဖွဲ့လာတဲ့ တပ်တွေ မိုင်းရယ်မှာ ဌာနချုပ်ပုံစံ လာလုပ်ထားတယ်။ ကိုးကန့်တပ်နဲ့ ထိတွေ့မှုကတော့ […]