ylliX - Online Advertising Network

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေး

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ၏ (၂၇၅) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံကိုင်ရိုကော်မတီ (ASEAN CAIRO COMMITTEE – ACC) ၏ (၂၇၅) ကြိမ်မြောက် သံရုံးအကြီးအကဲများ အစည်းအဝေးကို ကိုင်ရိုမြို့ရှိ Conrad Hotel ၌ နိုဝင်ဘာ (၁၈)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်မှ အခြားသော အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံကိုင်ရိုကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူ သံအမတ်ကြီးမှ အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ ကိုင်ရိုကော်မတီ၏ လှုပ်ရှားဆောင်ရွက်ခဲ့သည့် အစီအစဉ်များ၊ […]