အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ့မန်ယန် ဂျေးရှန်ကာသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သစ်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် တရားမဝင် နေထိုင်နေသည့် ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် အိန္ဒိယအစိုးရက ပြင်ဆင်နေသည်ဟု ပြောကြားလိုက်သည်။ မစ္စတာထရမ့်ပ် ကျမ်းသစ္စာဆိုအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၂၁ ရက်တွက် ဝါရှင်တန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင် ဒေါက်တာ ဂျေးရှန်ကာက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ မစ္စတာထရမ့်ပ်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီးရန်နှင့် သန်းနှင့်ချီသော ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးရေး သူ၏ ရည်မှန်းချက်ကို အရှိန်မြှင့်ရန်အတွက် ယခုသီတင်းပတ်တွင် သမ္မတအမိန့်အများအပြားကို ထုတ်ပြန်ခဲ့သည်။ အထောက်အထားမဲ့ အိန္ဒိယလူမျိုးများကို ပြန်လည်လက်ခံရန် နူးဒေလီက လမ်းဖွင့်ထားပြီး အိန္ဒိယသို့ ပြန်ပို့ခံရနိုင်သည့် အမေရိကရောက်နေသူများကို စစ်ဆေးရန် လုပ်ငန်းစဉ်များလုပ်ဆောင်နေသည်ဟု ဒေါက်တာဂျေးရှန်ကာက […]
၂၇. ၁၂. ၂၀၂၄Translated by Thettant အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ထိုင်း အမြန်လမ်းရဲတပ်ဖွဲ့က ပတ်ချာဘွန်းခရိုင်အတွင်းမှာ မနေ့က ဒီဇင်ဘာ ၂၆ ရက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အမြန်လမ်းရဲတပ်ဖွဲ့ဟာ ပတ်ချာဘွန်းခရိုင်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးတဲ့ တိုယိုတာဗီဂိုယာဥ်နဲ့ ဖော်ကျူနာ မော်တော်ယာဉ်နှစ်စီးကို လိုက်ပါဖမ်းဆီးနိုင်ခဲ့ပြီး အထောက်အထားမဲ့ မြန်မာလုပ်သား ၂၆ ဦးကို ယာဥ်ပေါ်က တွေ့ရှိ ဖမ်းမိခဲ့တာပါ။ ပထမကားမှာ မြန်မာလုပ်သား ၁၀ ဦး၊ ဒုတိယကားမှာ အမျိုးသမီးတွေပါဝင်တဲ့ မြန်မာလုပ်သား ၁၆ ဦးကို တွေ့ရှိခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ယာဉ်မောင်း ဂျားနဲ့ အသက် ၃၁ နှစ်အရွယ် ချုချတ်တို့ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တက်ခ်ခရိုင်ကနေ ဆာရာဘူရီခရိုင်ကို […]