လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း – မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ–မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။ ထိုင်း – မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ဧရိယာအတွင်း တရုတ် စီးပွားရေးလုပ်ငန်းရှင်များက အွန်လိုင်းလေ-ာင်းကစားရုံများ၊ ဖျော်ဖြေရေးလုပ်ငန်းများ အမည်ခံလုပ်ဆောင်နေသည့် လုပ်ငန်းများတွင် တရားဝမင် လူမှေ-ာင်ခိုမှုများ၊ မူ-းယ-စ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ […]