ylliX - Online Advertising Network

အမ်းမြို့နယ် စစ်ကောင်စီဌာနချုပ်ကို AA အဖွဲ့ ဆက်လက်ထိုးစစ်ဆင်

ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ကောင်စီတပ်စခန်းအများအပြားကို အာရက္ခတပ်တော် AA အဖွဲ့က ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။ အမ်းမြို့နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချတာရှိခဲ့ကြောင်းလည်း AA အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို မခင်လေး တင်ပြထားပါတယ်။ အာရက္ခတပ်တော် AA က လနဲ့ချီ ထိုးစစ်ဆင်နေတဲ့ အမ်းမြို့နယ်မှာ နယ်မြေတော်တော်များများကို ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နပခ စစ်ဌာနချုပ်အနီး ဒီကနေ့အထိ တိုက်ပွဲတွေလည်း ဆက်လက် ပြင်းထန်နေတယ်လို့ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးက ပြောပါတယ်။ “အမ်းကတော့ လေလိုင်းပေါ်မှာပဲသိမ်းနေကြတာ။ တကယ့်ကို မြေပြင်အခြေအနေမှာတော့ တိုက်ခိုက် […]

ရခိုင်ပြည်နယ်၊ မောင်တောဒေသ AA အဖွဲ့ ထိန်းချုပ်

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းတခုကို အာရက္ခ တပ်တော် (AA) အဖွဲ့က ထိန်းချုပ်လိုက်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိတချို့ကို ဖမ်းဆီးရမိထားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Source link

တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့ TNLA က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့ TNLA က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန် “စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း သဘောထားထုတ်ပြန်ချက်” ဆိုတဲ့ ခေါင်းစဥ်နဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ TNLA ရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုက ထိရောက်မှုရှိကြောင်း သက်သေပြလိုက်တဲ့ အဖြစ်အပျက် တခုအဖြစ် ဆိုနိုင်ပါလိမ့်မယ်။ နောင်ချိုမြို့ရဲ့ တောင်ဘက်၊ တောင်ခမ်းတဝိုက် မှာ လနဲ့ချီ အပြင်းအထန်ဖြစ်ပွားနေတဲ့ အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်းတွေကိုသိမ်းဖို့ ကြိုးစားတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေစဥ်မှာ အခုလို မျှော်လင့်မထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ယမန်နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး […]

ရေးမြို့နယ်၊ အာယုတောင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူး အဖွဲ့ ဝင်ရောက် တိုက်ခိုက်၊ ပျူခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။မနေ့က နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ရေးမြို့နယ်မှာ အင်အားကြီး ပျူခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း လင်းဦး ဒဏ်ရာပြင်းထန်ရရှိပြီး အုပ်ချုပ်ရေးမှူးနဲ့ အများအပြားလဲ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်အတွင်း စစ်တပ်နဲ့ ၎င်းတို့ထောက်တိုင်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို နှိမ်နင်းနေတဲ့အဖွဲ့ဖြစ်ပြီး စစ်မှုထမ်းကောက်ခံခြင်း၊ သန်းခေါင်းစာရင်းကောက်ခံမှုများ မပြုလုပ်ရဲအောင် ပြည်သူတွေကို ကာကွယ်ပေးနေတဲ့အဖွဲ့လဲဖြစ်ပါတယ်။ Continue Reading Source […]