ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြောကြားသည်။ “အများကြီး မျှော်မှန်းထားတယ်။ ဒီပွဲအောင်မှလည်း ကျွန်တော်တို့ အဆင်ပြေမှာပေါ့နော်။ အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်။ နောက်ပွဲတွေကို အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီလို (ဗီယက်နမ်ပွဲစဉ်)ဖြစ်သွားတဲ့အတွက်လည်း အားနာပါတယ်။ နောက်ပွဲတွေဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် “ဟု မြန်မာအမျိုးသမီးဖူဆယ်အသင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင်က ပြောသည်။ မြန်မာလက်ရွှေးစင် အမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ဇန်နဝါရီ (၁၅)ရက်က ဗီယက်နမ်အသင်းဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကြရာ၌ (၅)ဂိုး(၁)ဂိုး ရလဒ်ဖြင့်ဆုံးနိမ့်ထားသည်။ ယနေ့ တွင် AFC Women’s Futsal Asian Cup 2025 (Qua lifiers) ခြေစစ်ပွဲစဉ်(၂)ပွဲရှိသည့်အနက် မြန်မာနှင့် […]