ylliX - Online Advertising Network

ကျိုင်းတုံမြို့၊ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ကျိုင်းတုံ၊ ဇန်နဝါရီ ၈ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။ ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က အမှာစကားပြောကြားပြီး ပညာရေးစုံညီပွဲ‌တော်အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထိမ်းအမှတ်နေ့များအလိုက် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသရုပ်ဖော်များဖြင့် ဖြေဖျော်တင်ဆက်ကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊  ကျောင်းသားမိဘများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အောင်ဇင်မြင့် Join – https://t.me/MyanmarNationalPost Source […]

ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၆ ဦး သေဆုံး – Khit Thit Media

ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၆ ဦး သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၅ မကွေးတိုင်း၊ ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏ၀တီ အဖွဲ့က ပြောဆိုသည်။ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်း၊ ရန်ကုန် […]

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ် ၃တပ်ရင်းက ရဲဘော် ၇ဦးအသက်ပေးလှူခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်အမှတ် ၃တပ်ရင်းက ရဲဘော် ၇ဦးအသက်ပေးလှူခဲ့ရတယ်လို့သိရပါတယ်။ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် အသက်ကိုပဓာနမထားပဲ အောင်ပွဲတေရရှိနိုင်ရေး ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်(၇)ဦးကို ဦးညွှတ်ဂုဏ်ပြုအလေးနီပြုကြောင်း မုံရွာခရိုင်အမှတ် ၃တပ်ရင်းက ထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်ထိ လိုချင်သောပန်းတိုင်မရောက်မချင်းဆက်လက်ပြီး ကြိုးစားနေမယ်လို့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ရဲဘော်အားလုံးက ကတိပြုပြောပါတယ်။ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ဒီဇင်လာ ၂၂ရက်မှာ ချင်းညီနောင်ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ Continue Reading Source link

ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။ အမှတ် (၈) စစ်ကြောင်းတွင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)တို့အကြား စစ်ရေးနိုင်ငံရေးဆွေးနွေးမှုများကို ၆လကြာသည်အထိ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး ပေါ်ပေါက်ခဲ့သော်လည်း ယခုအချိန် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ပါဝင် ပူးပေါင်းလာသည့်အတွက် တပ်ဖွဲ့သုံးဖွဲ့ဖြစ်သွားပြီဟု အမှတ် (၈) စစ်ကြောင်းက ထုတ်ပြန်ထားသည်။ အမှတ် (၈) စစ်ကြောင်း၏ အခြေခံမူဝါဒများမှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊ […]

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အနောက် ပုလဲဂေဟာလမ်းတွင် ဖြစ်ပွားခဲ့သောမီးဘေးထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၃၀-၁၁-၂၀၂၄) ရက်နေ့ (၂၁:၄၀) နာရီ အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အနောက်ပုလဲ ဂေဟာလမ်းတွင် မီးလောင်မှု‌ကြောင့် လုံး၀ပျက်စီးအိမ်ခြေ (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-)၊ အိမ်ထောင်စု (၁၅) စု၊ သေဆုံးလူဦးရေ (၁) ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ ၊ ဘေးသင့်လူဦးရေ (၄၂) ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၈,၂၀ဝိ/-)၊  ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၁,၁၈၂,၀၉၈/-) တို့အား (၁၁-၁၂-၂၀၂၄)ရက်နေ့ (၁၀:၃၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_Dec_2024 Source: […]

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ အမှတ် (၂၅၃)၊ ဝေပုလ္လ(၆) လမ်း၌ ဖြစ်ပွားသော မီးဘေး အတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၂၄)ရက်‌နေ့ (၁၇:၃၄)အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ)ရပ်ကွက်၊ အမှတ် (၂၅၃)၊ ဝေပုလ္လ(၆) လမ်းတွင် မီးလောင်မှုကြောင့် နေအိမ်(၁)လုံး(တစ်စိတ်တစ်ပိုင်း)ပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၁)စု၊ ၊ လူဦးရေ ကျား(၁)ဦး၊ မ(၁)ဦး၊ စုစုပေါင်းလူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၄,၂၀ဝိ/-)၊ အိမ်ခြေ(၁)လုံး (တစ်စိတ်တစ်ပိုင်း) ပျက်စီးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၄၂၀ဝိ/-)တို့အား (၂၁-၁၁-၂၀၂၄)ရက်နေ့၊ (၁၅:၄၆)နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_nov_2024 Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) Source link

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈) ရပ်ကွက်၊ အမှတ် (၈၃၄)၊ ဓနသိဒ္ဓိလမ်း၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၀-၂၀၂၄)ရက်‌နေ့ (၀၅:၁၅)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ အမှတ် (၈၃၄)၊ ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှုကြောင့် နေအိမ် (၁)လုံး (လုံး၀)ပျက်စီးခဲ့ပြီး၊ ဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ ကျား (၄)ဦး၊ မ (၄)ဦး၊ စုစုပေါင်းလူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၁၆,၈၀ဝိ/)၊ အိမ်ခြေ (၁)လုံး(လုံး၀)ပျက်စီးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်းတန်းဖိုး (၁၀၇,၆၇၈/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၂၄၄၇၈/-) တို့အား (၈-၁၁-၂၀၂၄) ရက်နေ့၊ (၁၄:၅၄) နာရီအချိန်တွင် ပြည်သူများ ၏လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_nov_2024 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး Source link

ရန်ကုန်- မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် အမှတ် ၃၁၇ က တပ်စခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမြန်လမ်းမပေါ် မိုင်တိုင်အမှတ် ၃၁၇ ရှိ စစ်တပ် အထိုင်စခန်းကို ရော့ကတ် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ရန်ကုန်- မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် အမှတ် ၃၁၇ မှာ တပ်စွဲအထိုင်ချထားတဲ့ စစ်သားတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်မှာ တော်လှန်ရေး ရဲဘော်များက Rocket ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး […]

စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက် အောက်ခံ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေ – Khit Thit Media

ရန်ကုန်၊ အောက်တိုဘာ ၃၁ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက်အောက်ခံ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှစတင်ပြီး ဖီမော်မြို့အနီးတွင် တည်ရှိနေသော အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်း တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိလည်း ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း၊ ဖီမော်ဘက်မှ ဒေသပြည်သူများ စစ်ဘေးရှောင်နေကြပြီဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။ “အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းက ဖီမော်ဘက်မှာရှိနေတာ။ အဲဒါကလည်း တရုတ်နယ်စပ်မြို့ပဲ။ NDAK […]

အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်၏ ကာကင်းစခန်းကို KIA ဝင်ရောက်ရှင်းလင်း – THE 74 MEDIA

ကံပိုက်တည်နှင့် ဆဒုံးကြား စင်ကြိုင်ကျေးရွာအနီးရှိ နယ်ခြားစောင့်တပ် ၁၀၀၃ ၏ ကာကင်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ စင်ကြိုင် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA ပူးပေါင်းတပ်က ယမန်နေ့နံနက်မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ကာကင်းစခန်းဖြစ်သည့် ထမ်မိုးခမ်းစခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ Post navigation Source link