ကျိုင်းတုံ၊ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က အမှာစကားပြောကြားပြီး ပညာရေးစုံညီပွဲတော်အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထိမ်းအမှတ်နေ့များအလိုက် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသရုပ်ဖော်များဖြင့် ဖြေဖျော်တင်ဆက်ကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်
Join – https://t.me/MyanmarNationalPost