Skip to content တရုတ် နဲ့ အမေရိကန် ရဲ့ နည်းပညာ စစ်ပွဲက အရှိန်အဟုန် မြင့်သထက်မြင့်လာပါပြီ။ အမေရိကန်က အဆင့်မြင့် Chip တွေ မထုတ်နိုင်အောင် တရုတ်ကို ပိုမို တင်းကြပ်လိုက်ပြီး နောက်တစ်နေ့မှာပဲ တရုတ်က Semiconductor ထုတ်လုပ်ရာမှာ သုံးတဲ့ အဓိက ဒြပ်ထု တချို့ကို အမေရိကန်ကို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့ ဒြပ်ထုတွေထဲမှာ Metals Gallium , Antimony နဲ့ Germanium တို့ ပါဝင်ပါတယ်။ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံ လုံခြုံရေးအတွက် အခုလို ပိတ်ပင်တာလို့ ပြောပါတယ်။ Semiconductor ရဲ့ နောက်ထပ် အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ […]
၂၀၂၄၊ ဒီဇင်ဘာ ၁ ပြီးခဲ့သည်ရက်ပိုင်းက ထိုင်ဝမ်ကျွန်းအား အမေရိကန်အစိုးရက စစ်လက်နက်ပစ္စည်းကန်ဒေါ်လာ ၃၈၅ သန်းဖိုး ရောင်းချခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့်အပြင်းအထန်ရှုံ့ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။ ဒီကနေ့ တနင်္ဂနွေနေ့၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ဘေဂျင်းအစိုးရအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်သည် တရုတ်တစ်ပြည်တည်း မူဝါဒကို ချိုးဖောက်ပြီး အမေရိကန် – တရုတ်ဆက်ဆံရေးအား ပျက်ပြားစေနိုင်သည်ဟု အလေးပေး ပြောကြားခဲ့သည် ။ ထိုသို့ရောင်းချခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို ထိပါးခြင်း၊ ထိုင်ဝမ်ရှိ ခွဲထွက်ရေးအုပ်စုများထံ အန္တရာယ်ရှိသော အချက်ပြမှုများ ပေးပို့ခြင်းနှင့် ထိုင်ဝမ်ရေလက်ကြားအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သောကြာနေ့က၊ ထိုင်ဝမ်သို့ ရောင်းချခဲ့သည့် စစ်ဘက်ဆိုင်ရာပစ္စည်းများတွင် F-16 လေယာဉ်အတွက် အပိုပစ္စည်းများ၊ […]
တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီဖြစ်ပြီး ကမ္ဘာပျက်ပြီလို့ ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။ နိုဝင်ဘာ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၅၀၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ “တတိယကမ္ဘာစစ်ကြီး ကြေညာပြီဗျို့ ကမ္ဘာပျက်ပြီ တရုတ်က အမေရိကန်ကို စပစ်နေပြီ မသေမချင်ရင် အမြန်ဆုံး နားထောင်သင့်တယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ တကယ်တမ်းမှာ […]
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၁၈ ရက် ထိုင်ဝမ်ကို ထောက်ခံအားပေးရာမှာ စည်းလေးခု မကျော်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိ ကန်နိုင်ငံကို မေတ္တာရပ်ခံလိုက်ပါတယ်။ ထိုင်ဝမ်အရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်နဲ့ ဖွံ့ဖြိုးတိုး တက်မှု အကျိုးစီးပွားတွေဟာ တရုတ်နိုင်ငံရဲ့ အနီရောင်မျဉ်းလေးခုဖြစ်တယ်လို့ ရှီကျင့်ဖျင်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။ ပီရူးနိုင်ငံ၊ လီးမားမြို့တော်မှာကျင်းပတဲ့ အေပက်ထိပ်သီးဆွေးနွေးပွဲရဲ့ ဘေးပန်းအဖြစ် အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံချိန်မှာ သူက အခုလို သတိပေးခဲ့တာလို့ သိရပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ နှစ်နိုင်ငံအငြင်းပွားမှုတွေမှာ မစွက်ဖက်သင့်သလို တောင်တရုတ်ပင် လယ်တွင်း ရန်လိုမှုအပြုအမူတွေကို မထောက်ခံသင့်ဘူးလို့ ၎င်းက ထောက်ပြပါတယ်။ အဆိုပါအချက်တွေက တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးပါဆုံး အာမခံမှုတွေဖြစ်တယ် […]
နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၄ နိုဝင်ဘာ ၅၊ ၂၀၂၄ အမေရိကန် အထွေထွေရွေးကောက်ပွဲကနေ စိန်ခေါ်သူ ထရန့်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့ ဒီမိုကရက်တွေကို သောင်ပြိုကမ်းပြို အနိုင်ရသွားပါပြီ။ အနိုင်ရလိုက်သမှ သမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အားလုံး အသာစီးရသွားတယ်လို့ ဆိုပါတယ်။ အမေရိကန်၏ ဗဟိုတရားရုံးတော်မှာလည်း ထရန့် ခန့်ခဲ့တဲ့ တရားသူကြီးများ ဦးရေ အသာစီးရနေတာမို့ ဘာလုပ်လုပ် ထရန့်နဲ့ ရီပတ်ဘလစ်ကန်ပါတီ လုပ်သမျှ အကုန်တင့်တယ်၊ ဂုဏ်တင့်တယ်တော့မယ်လို့ ဆိုနိုင်ပါတယ်။ ရှေးရိုးစွဲတွေ လက်ယာစွန်းတွေ လူမျိုးကြီးဝါဒီတွေကတော့ လက်ခမောင်းခတ်ကြပါတယ်။ အဲသည်ထဲမှာ ဘာမဆိုင် ညာမဆိုင် ဒီမိုကရက်တွေ လစ်ဘရယ်တွေကို မျက်မုန်းကျိုးနေသူတွေ ဂျန်းလီးတွေကလည်း တပြုံတမကြီး ဆွမ်းကြီးဝင်လောင်းကြပါတယ်။ သူတို့ ပြောချင်တာက ထရန့်နဲ့ လက်ယာစွန်းတွေ ရှေးရိုးစွဲတွေ […]