TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်းကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည် နာမည်ကြီးဗီဒီယိုမျှဝေသည့်အက်ပ်ကို သုံး၍မရတော့ချေ။ ယမန်နေ့ည ၁၁ နာရီ မတိုင်မီတွင် “ဆောရီး TikTok ကို သုံး၍ မရနိုင်တော့ပါ” ဟူသည့် မက်ဆေ့ချ်ဖြင့် အမေရိကန်အသုံးပြုသူများကို နှုတ်ဆက်ခဲ့ပြီးနောက် TikTok ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍မရတော့ခြင်းဖြစ်သည်။ ထို့အပြင် Apple နှင်က Google တို့ကလည်း သူတို့၏ App Store များမှနေ၍ အမေရိကန်နေပြည်သူများ download လုပ်၍မရစေရန် TikTok အက်ပ်ကို ဖယ်ရှားခဲ့ကြသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိကျသေချာသည့် အာမခံချက်မပေးလျှင် ဇန်နဝါရီ ၁၉ရက် တနင်္ဂနွေနေ့တွင် အမေရိကန်ရှိ သုံးစွဲသူ […]