အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ့မန်ယန် ဂျေးရှန်ကာသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သစ်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် တရားမဝင် နေထိုင်နေသည့် ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် အိန္ဒိယအစိုးရက ပြင်ဆင်နေသည်ဟု ပြောကြားလိုက်သည်။ မစ္စတာထရမ့်ပ် ကျမ်းသစ္စာဆိုအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၂၁ ရက်တွက် ဝါရှင်တန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင် ဒေါက်တာ ဂျေးရှန်ကာက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ မစ္စတာထရမ့်ပ်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများကို တားဆီးရန်နှင့် သန်းနှင့်ချီသော ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးရေး သူ၏ ရည်မှန်းချက်ကို အရှိန်မြှင့်ရန်အတွက် ယခုသီတင်းပတ်တွင် သမ္မတအမိန့်အများအပြားကို ထုတ်ပြန်ခဲ့သည်။ အထောက်အထားမဲ့ အိန္ဒိယလူမျိုးများကို ပြန်လည်လက်ခံရန် နူးဒေလီက လမ်းဖွင့်ထားပြီး အိန္ဒိယသို့ ပြန်ပို့ခံရနိုင်သည့် အမေရိကရောက်နေသူများကို စစ်ဆေးရန် လုပ်ငန်းစဉ်များလုပ်ဆောင်နေသည်ဟု ဒေါက်တာဂျေးရှန်ကာက […]
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ကို လပြည့်ကျော် ၂ ရက်နေ့၊ စနေနေ့ ပိတ်ရက်မှာ စုပေါင်းကျင်းပကြပါတယ်။ အမေရိကန်နိုင်ငံရောက် မြန်မာတွေ သီတင်းကျွတ်ပွဲတော်ကို ဘယ်လိုဆင်နွှဲကြလဲဆိုတာကို ဟောင်ဆာက သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။ Source link