ylliX - Online Advertising Network

မူဆယ်မြို့ ပြည်သူ့စစ်ဟန်ဆောင်ပြီး အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ – သျှမ်းသံတော်ဆင့်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် ပြည်သူ့စစ်ဟန်ဆောင်ထားသော လက်နက်ကိုင်ဆောင်ထားသူ ၃ဦးသည် ကုန်စုံဆိုင် ပိုင်ရှင်အမျိုးသမီးကို ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၈ ရက်)နေ့ ညနေပိုင်းတွင် မူဆယ်မြို့ ကောင်းမူးတုန်ရပ်ကွက် မီးသတ်ရုံအနီးရှိ ကုန်စုံဆိုင်ကြီးတစ်ဆိုင်ကို ပြည်သူ့စစ်ဟန်ဆောင်ထားသော အမျိုးသား(၃)ဉီးသည် လက်နက်ကိုင်ပြီးဆိုင်ပိုင်ရှင် အမျိုးသမီး ကို ပြန်ပေးဆွဲသွားခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ” မနေ့က မင်္ဂလာမူဆယ်သွားလမ်း ကောင်မူးတုန်ရပ်ကွက် မီးသတ်ရုံး အနီးရှိ ကုန်စုံဆိုင်ကြီးတစ်ဉီးကို ပြည်သူ့စစ်လို ဟန်ဆောင်ဝတ်ထားတဲ့ အမျိုးသား၃ဦးဝင်လာတယ်။ အစတော့ ပစ္စည်းဝယ်မယ်ထင်နေတာ နောက် သေနတ်ထုတ် လက်ထိပ်ခတ်ပြီးဆိုင်ရှင်ကို ခေါ်သွားတယ်။ ဘေးက ဝန်းထမ်းတွေကလည်း တော်တော်လေး ကြောက်သွားတယ်” ဟု ၎င်းက ပြောသည်။ ပြန်ပေးဆွဲခံရသည့် ဆိုင်ရှင်အမျိုးသမီးသည် လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း […]

ရွှေပြည်သာမှာ အခန်း ၈၀ ပါ လူနေအဆောင်မီးလောင်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်

ရွှေပြည်သာမှာ အခန်း ၈၀ ပါ လူနေအဆောင်မီးလောင်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်   CJ Platform   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ ဇန်နဝါရီလ ၇ ရက် မနက် ၅ နာရီခန့်က လူနေအခန်းတွဲအဆောင် မီးလောင်မှုဖြစ်ပွားမှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးတဲ့အပြင် တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။   အဲဒီမြို့နယ် အမှတ် ၅ ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းပေါ်က လူနေအခန်း ၈၀ ရှိတဲ့ အဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ “တစ်နာရီကျော်ကျော်လောက် ငြှိမ်းလိုက်ကြရတယ်။ အမျိုးသမီးတစ်ဦး Dead body နဲ့ ခွေးလေးတစ်ကောင် Dead body ဖြစ်သွားတယ်” လို့ […]

နာရေးပိုပြီးပြန်လာသည့် ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ မီးပွိင့်မိ၍ ရပ်နေသည့် ဘတ္တရီစက်ဘီးအား တိုက်မိရာ အမျိုးသမီးတစ်ဦး အခင်းနေရာတွင် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၂၄ ရပ်ကွက်၊ လှော်ကားလမ်းနှင့် မြိတ်လမ်းထောင့်၊ စီးတီးမက် မီးပွိုင့်ရှ့တွင် မီးပွိုင့်မိ၍ ရပ်နေသည့် ဘတ္တရီစက်ဘီးကို နာရေးပိုပြီးပြန်လာသည့် ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ  တိုက်မိရာ ထိုဘတ္တရီစက်ဘီးပေါ်ရှိ အမျိုးသမီး အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link

တောင်သာမြို့နယ်ကို ကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူနေအိမ် ၁၂  လုံးပျက်စီးခဲ့သည်ဆိုတာ သတင်းအမှား

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ မိုးနှောင်းခင်းကျေးရွာ ကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လေကြောင်းဖြင်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူနေအဆောက်အုံ ၁၂ လုံးပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် တောင်သာမြို့နယ်အတွင်း ပြည်သူများအေးချမ်းစွာ လုပ်ကိုင်နေထိုင် နိုင်ရေးအတွက်လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက် လျက်ရှိပြီး ဗုံးကြဲတိုက်ခိုက်မှုများမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်များကို အကြောက် တရားလွှမ်းမိုးစေရန် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမား များ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ […]

ပင်လောင်း စစ်ရှောင် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ အသက် ၅၆နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဉီး မုဒိမ်းကျင့်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ရက်တွင် အသက် ၅၆နှစ်အရွယ် စစ်ရှောင်အမျိုးသမီးနှင့် ၎င်း၏မြေးသည် ပြောင်းခြံထဲရှိနေစဥ် အသက် ၂၀အရွယ်ရှိ လူငယ်တစ်ဉီးက လာရောက်မုဒိမ်းကျင့်သွားကြောင်း အဆိုပါ ဖြစ်စဉ်ကို သိရှိသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူ့ကို အသက် ၅၆နှစ်အရွယ်အမျိုးသမီးကို အသက် ၂၀ လူငယ်က ဓားထောက်ပြီး မုဒိမ်းကျင့်သွားတာ။ စစ်သားလား ၊ PDFလားတော့မသိဘူး။ ဗမာစကားပြောတယ်။ မအော်နဲ့ အော်ရင်သတ်မယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမျိုးသမီးက ပြန်ပြောပြသည်။ လက်ရှိ အသက်၅၆နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏မြေးကို စစ်ရှောင်ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့ထားကြောင်း၊ ကျူးလွန်သည့် လူငယ်သည်လက်ရှိအချိန်ထိ လွှတ်မြောက်နေသေးကြောင်း သိရသည်။ ထိုမုဒိမ်းကျူးလွန်ခံရသည့်အမျိုးသမီးသည် […]