သျှမ်းပြည် ကျောက်မဲမြို့နယ် နမ့်ဟူးပန်စုံကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် ၎င်းမိခင်တို့သည် တောင်ယာသွားရောက်စဉ် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) နံနက် ၇ နာရီကျော်တွင် ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာနေ အသက် (၂၃) နှစ်အရွယ်ရှိ နန်းမိုခမ်းသည် ပြောင်းဖူးချိုးရန် တောင်ယာသို့ တစ်ယောက်တည်း သွားရောက်ပြီး တစ်နာရီခန့် အကြာတွင်မှ အသက် (၄၅) နှစ်အရွယ် မိခင်ဖြစ်သူ ပါ့နန်းခမ်းသည် တောင်ယာသို့ လိုက်သွားခဲ့သည်။ ၎င်းနောက် နံနက် (၁၀) နာရီခွဲခန့်တွင် ဖခင်ဖြစ်သူမှ တောင်ယာသို့ လိုက်လာရာ လမ်းတွင် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် သားအမိ နှစ်ယောက်ကို တွေ့ရှိပြီး ကျေးရွာလူကြီးများထံသို့ အကြောင်းကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။ အသတ်ခံရသည့် ရုပ်အလောင်းပုံ “သူ့သမီးက […]