မကြာသေးမီ အချိန်ကလေးကပင် မိမိတို့ ၂၀၂၄ ဆိုသည့် နှစ်တစ်နှစ်၊ ကိန်းဂဏန်းတစ်ခုကို ထားရစ်ခဲ့ရပြီဖြစ်သည်။ မိမိတို့ မည်သည့်အရာများ ပြုလုပ်ခဲ့သည့်အတွက် မည်သည်တို့ ကျန်ခဲ့ပြီး မိမိနောက်က ထက်ကြပ် ကပ်လိုက်လာပါသနည်း။ စဉ်းစားတွေးတော သင့်ပေသည်။ မိမိတို့ မြန်မာနိုင်ငံကြီး အတိဒုက္ခရောက်နေသည်မှာ ၂၀၂၄ တစ်နှစ်တည်းမဟုတ်ခဲ့ဘဲ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ စသည့်ခုနှစ်သက္ကရာဇ် လေးခုပြောင်းခဲ့ရပြီဖြစ်သည်။ ၂၀၂၅ ဆိုသည့် ခုနှစ်တွင်လည်း အလားတူ အဆိုးနွံထဲတွင် တဝဲလည်နေပါမည်လော။ တစ်ဦးချင်း၊ တစ်ယောက်ချင်း စဉ်းစားတွေးတော သင့်ပေသည်။ စဉ်းစားတွေးတော ကြပါကုန်လော့… အမှန်ကို မြင်၍ အမြင်မှန်များ ရကြပါလော့… တစ်ဦးချင်းက မစဉ်းစားဘဲ၊ မတွေးတောဘဲ ချန်လှပ်ထားပါက မိမိ၊ သူတစ်ပါးအပါအဝင် တစ်ပြည်သားလုံး အာဏာရှင်ဝဲဂယက်တွင် […]
နိုဝင်ဘာ ၂၄ ရက်နေ့က ရှီကာဂိုမြို့ရှိ Ping Tom Parkမှာ ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS အဖွဲ့ဝင် Jungkook ပုံစံတူပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အနိုင်ရရှိသူက အမေရိကန်ဒေါ်လာ ၂၀ နဲ့ ဆိုဂျူ ၁ ပုလင်းရရှိပါတယ်။ အနိုင်ရရှိတဲ့သူကတော့ သူ့ရဲ့follower တွေက Jungkook နဲ့တူတယ်လို့ ပြောခဲ့ကြတဲ့ Content Creator အန်ဒရူး အလက်ဇန္ဒားဆိုသူပါ။ သူဟာ Jungkook နဲ့တူဖို့အတွက် Jungkook ရဲ့လက်မှာထိုးထားတဲ့ တက်တူးအတိုင်း လိုက်ထိုးခဲ့ရပြီး နားပေါက်တွေလည်းဖောက်ခဲ့ရပါတယ်လို့ သိရပါတယ်။ အန်ဒရူးက အင်တာနက်အသုံးပြုသူတွေဆီက မှတ်ချက်အမျိုးမျိုးရခဲ့ပါတယ်။ တချို့က Jungkook နဲ့မတူဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူ့ကို ချစ်စရာတော့ကောင်းပါတယ်တဲ့။ အင်တာနက်အသုံးပြုသူတစ်ဦးကဆိုရင် အမေရိကန်ဒေါ်လာ ၂၀ နဲ့ဆိုဂျူ ၁ […]
မဇ္ဈိမ။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးပြီးလုပ်ဆောင်နေသလို တရုတ်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ လက်ရှိမှာ ရှမ်းမြောက်မှာ တိုက်ပွဲတွေဆက်ရှိနေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲရှိန်အေးသွားတဲ့အခါ ပြင်းထန်တိုက်ပွဲတွေက ပြည်မဘက်ကို ရွေ့လာနိုင်မလား၊ တိုင်းရင်းသားလက်နက်ကိုင်တွေကရော ပြည်မဘက်က တိုက်ပွဲတွေမှာ ဆက်ပြီး ပါဝင်လာဦးမလား စတဲ့ အချက်တွေကို ဒီတပတ် Editorial Talk အစီအစဉ်မှာ နားဆင်ကြည့်ရှုနိုင်ပါတယ်။ The post “ဗမာလူငယ်တွေကို EAOs တွေက အသုံးချတယ်ဆိုတာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ဆိုက်ဝါးပဲ” (Editorial Talk) appeared first on BUR.MIZZIMA.COM. Source link