ရခိုင်ပြည်နယ်တွင်းက ဂွမြို့ကို ရခိုင့်တပ်တော်သိမ်းပိုက်ပြီးသည့်နောက် ဂွနဲ့နီးတဲ့ ဧရာဝတီတိုင်းတွင်းက မကျီးဇင်ရွာတိုက်ပွဲတွေ ဖြစ်လာခဲ့အပြီး စစ်ကောင်စီက ချောင်းသာနှင့်အနီးတဝိုက်ကို အထိုင်တပ်စခန်းနှစ်ခုကို တိုးမြှင့်ချထားလိုက်ပါတယ်။မကျီးဇင်တိုက်ပွဲကနေ ရွှေသောင်ယံအနီးထိ ကူးစက်လာပြီလို့ သတင်းတွေပေါ်ထွက်လာတာကြောင့် ချောင်းသာမြို့အဝင်နှင့် ကျောက်မောင်နှမမှာ အခုလို စစ်ကောင်စီတပ်စွဲလိုက်ခြင်းဖြစ်ပြီး သံချပ်ကားတွေလည်း ပြင်ဆင် အင်အားဖြည့်ထားတဲ့အကြောင်း ဆိုပါတယ်။မနေ့က ထုတ်ပြန်တဲ့ မြို့နယ် ပ.က.ဖ ပုသိမ်ရဲ့သတင်းတွေထဲမှာ ရွှေသောင်ယံမြို့ တပင်မှော်အမြောက်တပ်နှင့် ဝက်သေကျေးရွာတွင် စစ်ကောင်စီက အင်အားဖြည့်အထိုင်ချကာ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။စစ်ရေးတင်းမာနေတဲ့ဒေသတွေမှာ ဖုန်းလိုင်းနှင့် အခြားဆက်သွယ်ရေးတွေ ခက်ခဲနေကြောင်း သိရပြီး မကျီးဇင်တိုက်ပွဲမှာ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်အချို့ဟာ ရွှေသောင်ယံဘက်မှာ သွားပူးပေါင်းနေတယ်လို့လည်း သတင်းတွေထွက်ပေါ်လာပါတယ်။ဒီသတင်းတွေကို အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကတော့ စစ်ကောင်စီဘက်က လူတွေ စိတ်အားမငယ်စေရန်အတွက် အကြမ်းဖက်ဝန်ကြီးချုပ်ကိုယ်တိုင် ယမန်နေ့က ရွှေသောင်ယံကို သွားရောက်လည်ပတ်ပြခဲ့ပါသေးတယ်။တခါ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် […]
AA အနေနဲ့ စစ်တွေနဲ့ ကျောက်ဖြူကို မသိမ်းနိုင်သေးတာက တရုတ်ဖိအားထက် ဒေသအခြေအနေကြောင့်ဖြစ်ပြီး၊ ရခိုင် ပြင်ပလှုပ်ရှားမှုကလည်း စစ်ရေးလိုအပ်ချက်နဲ့ နွေဦးတော်လှန်ရေးရဲ့ တစိတ်တဒေသလို့ Cornell တက္ကသိုလ်မှာ ပါရဂူကျမ်းပြုနေတဲ့ သုတေသီ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။ Source link
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တခုလုံးကို ရခိုင့်တပ်တော်ရဲ့အောင်မြင်မှုဟာ မကြာခင်ရခိုင်ပြည်ကြီးလွတ်မြောက်တော့မှာဖြစ်တယ်လို့ ဖော်ပြထားတဲ့ အောင်မြင်ခြင်းဂုဏ်ပြုသဝဏ်လွှာတစောင်ကို ပအိုဝ်းနှင့် မွန်လူမျိုးတို့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ဒီဇင်ဘာလ ၂၅ ရက်နေ့ရက်စွဲနဲ့ သဝဏ်လွှာပေးပို့ ခဲ့ကြပါတယ်။ အာရက္ခတပ်တော် အေအေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုလုံးကို အောင်မြင်ပြီး တိုင်းမှူးနှင့်စစ်ခေါင်းဆောင်အများအပြားကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မကြာခင်ရခိုင်တပြည်လုံး လွတ်မြောက်တော့မှာဖြစ်တယ်လို့လည်း သဝဏ်လွှာက ဖော်ပြပါတယ်။ စစ်တိုင်းကြီးကိုအောင်နိုင်ခြင်းဟာ အာဏာသိမ်းအုပ်စုကိုတော်လှန်ရေးမှာ ပထမဆုံးလွတ်မြောက်မယ့် ရခိုင်ပြည်ရဲ့အလားအလာဖြစ်ကြောင်းလည်း အထူးပြုဖော်ပြခဲ့ကြပါတယ်။ ဒီအောင်မြင်မှုဟာ တော်လှန်ရေးနယ်မြေအသီးသီးမှာ လူမျိုးအသီးသီးလွတ်မြောက်ရေးတိုက်ပွဲများနဲ့ အပြန်အလှန်ချိတ်ဆက်၍ ရခိုင့်တပ်တော်ရဲ့ နိုင်ငံရေးအမြင်ကျယ်မှုဖြစ်တယ်လို့လည်း ချီးမွှမ်းထားတာတွေ့ရပါတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ […]
ရခိုင်ပြည်နယ် အမ်းမြို့အတွင်းက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစ စ်ဌာနချုပ် နပခ ကို ဒီကနေ့ နေ့လည်ပိုင်းက အာရက္ခတပ်တော်AAဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီလို့ AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို အတည်ပြုပါတယ်။ “ ဟုတ်ကဲ့ပါခင်မျာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ လည် ၁၂နာရီအချိန်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ တခုလုံးကို ကျနော်တို့ အာရက္ခတပ်တော် AAက အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်” ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းစစ်ဦးစီးနဲ့ ဒုတိုင်းမှူးတို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ အာရက္ခတပ်တော်AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။ “ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ နပခရဲ့ တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ ကိုလည်းပဲ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။ တချို့ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကိုတော့ လိုက်လံခြေမှုန်းဖမ်းဆီးလျက်ရှိပါတယ်၊ […]