၂၀၂၄၊ ဒီဇင်ဘာ ၁၃ ( သောကြာနေ့ ) အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့က အီရန်နျူကလီးယားစက်ရုံ များကို တိုက်ရိုက်တိုက်ခိုက်ခြင်းအပါအဝင် အီရန်ကိုပစ်မှတ်ထားတဲ့ နည်းလမ်းများကို စဉ်းစားနေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်များက Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။ ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ ၎င်း၏ ပထမဆုံး သမ္မတ သက်တမ်းအတွင်း ထရမ့်က ၂၀၁၅ နိုင်ငံစုံ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အီရန်အနေနဲ့ နျူလက်နက်ရရှိမှု ပိုမိုခက်ခဲစေရန် ရည်ရွယ်ပြီး “အမြင့်ဆုံး ဖိအားပေး လှုတ်ရှားမှု “ကို လုပ်ဆောင်ခဲ့သည်။ ယခုအခါ ထရမ့်၏လက်ထောက်များက စစ်ရေးအရ တိုက်ရိုက်ပါဝင်နိုင်သည့် “အမြင့်ဆုံးဖိအား ၂.၀ ” မဟာဗျူဟာကို ဆွေးနွေးနေကြသည်ဟု […]
၂၀၂၄၊ ဒီဇင်ဘာ ၆ ဆီးရီးယာကိုတိုက်ခိုက်နေသည့် အကြမ်းဖက်သမားများကို ကူညီနေခြင်းအား ချက်ခြင်းရပ်တန့်ပေးရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းအစိုးရကို စွတ်စွဲပြီး သတိပေးပြောကြားလိုက်သည်။ ဥရောပတိုက်ဆိုင်ရာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်သူ မိုဂျတာဘာ ဒမီချီလူ က သောကြာနေ့က ပြုလုပ်ခဲ့သော အစည်းအဝေးပါ အချက်အလက်များနှင့်ပတ်သက်ပြီး အီရန်တက်စ်နင်သတင်းအေဂျင်စီက ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ယူကရိန်သည် ဆီးရီးယားရှိစစ်သွေးကြွများထံ အိုင်ဒီအက်စ်အပါအဝင် စစ်လက်နက်ပစ္စည်းများ ရောင်းချနေကြောင်းနှင့် အခြားအကူအညီများ ပေးနေကြောင်းကို သတင်းအခိုင်အမာရရှိထားသည်ဟု ဒမီချီလူက ဆိုခဲ့ပါသည်။ “ဒါက ကာကွယ်ရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ အစိုးရတွေ လိုက်နာရမဲ့ တာဝန်ဝတ္တရားတွေကို ရှင်းရှင်းလင်းလင်းကြီး ကို ချိုးဖောက်လိုက်တာပါပဲ။ အကြမ်းဖက်အုပ်စုတွေကို အကူအညီပေးနေတာကို ချက်ခြင်းရပ်ပေးဖို့အတွက် တောင်းဆိုထားပါတယ်” ဟု ၎င်းကဆိုသည်။ ယူကရိန်းကို တိုက်ရန်အတွက် ရုရှားအား အီရန်က လက်နက်များရောင်းချနေသည့် […]
အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်သတင်း မီဒီယာတွေမှာလည်း အီရန်မြို့တော် တဟီရန်နဲ့ အနားက Karaj မြို့တွေမှာ စနေမနက် အစောပိုင်းက ပေါက်ကွဲသံ အတော်တော်များများ ကြားရတယ်လို့ ဖေါ်ပြထားပါတယ်။ အစ္စရေး ကာကွယ်ရေးဌာနက သူတို့ဟာ အီရန်က စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ လူမှုမီဒီယာ X မှာ တင်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ အီရန်က အာဏာရှင်နဲ့ ဒေသတွင်းက သူ့အပေါင်းအပါတွေဟာ အောက်တိုဘာ ၇ ရက်ကစလို့ အစ္စရေးကို မနားတမ်း တိုက်ခိုက်နေတာ ဖြစ်ပြီး၊ အီရန်ကနေ တိုက်ရိုက် ပစ်ခတ်တာအပါအဝင် နေရာ ၇ နေရာကနေ တိုက်ခိုက်နေကြောင်း၊ အစ္စရေးဟာ ကမ္ဘာတလွှား အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းရဲ့ ရပိုင်ခွင့်နဲ့ တုံ့ပြန်ရမယ့် […]