၁၁. ၁. ၂၀၂၅Written by Nyein Kyaw ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့/အနောက်) မြို့နယ်များအတွင်း နိုင်ငံသားစိစစ်ရေးကတ် အတု၊ အလုပ်သမားမှတ်ပုံတင်ကတ် အတုနှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ နယ်၌ နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် ထောက်ခံစာ အတုများအား အခကြေးငွေယူ၍ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် အတုများ ရောင်းချသူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ အမှတ်(၄)ရပ်ကွက်နေ မမေသူခိုင်(၃၄)နှစ် (ဘ)ဦးကျော်ညွန့်အား ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၁ […]