ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသစ် လက်ထက် အလားအလာရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အကြောင်း စ မေးချင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကို မျက်နှာသစ်တွေ ဝင်လာတော့မယ်။ ဒါက မြန်မာ့ အရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ပြန်လည်ပုံဖော်နိုင်မယ့် အခွင့်အလမ်းလား။ လာမယ့် ထရမ့် အစိုးရလက်ထက် မြန်မာ့အရေး ခေါင်းစဥ်အောက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံအပေါ် အမေရိကန်မူဝါဒ အပြောင်းအလဲဖြစ်ဖို့ မြင်ပါသလား။ Thomas Kean (ICG) ။ ။ ဒါဟာ အမေရိကန် ပြည်ထောင်စုအတွက် မြန်မာရေးရာမူဝါဒကို ပြန်လည်ပုံဖော်ဖို့ အခွင့်အလမ်း တရပ်ဆိုတဲ့ မှတ်ချက်ကို သဘောတူပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲ ရှိလာတဲ့အခါ […]
လူမျိုးစုတွေ အနေနဲ့ “စစ်က အိမ်ရှေ့ ရောက်နေတဲ့” အနေအထားမှာ စစ်ရေး ရပ်တန့်သွားဖို့ မလွယ်သလို အချုပ်အခြာ ပြဿနာကို အိမ်နီးချင်းတွေက နားလည်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာသုတေသီ ကိုထက်မင်းလွင်က ထောက်ပြပါတယ်။ ထိုင်းမှာ ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။ Source link
ဒီလို လက်နက်သစ်တွေ သုံးဖို့ခွင့်ပြုတာဟာ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုအကျိုးဆက်တွေ ရှိလာနိင်သလဲ ဆိုတာကို မမြသဇင်အောင်က အယ်ဒီတာဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။ Source link
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Donald Trump ဦးဆောင်မယ့် အမေရိကန်အစိုးရသစ်အနေနဲ့ မြန်မာစစ်ကောင်စီလို အာဏာရှင်တွေကို ပြတ်ပြတ်သားသား ဆက်ဆံသွားဖို့ ရှိတယ်လို့ အမေရိကန်-မြန်မာ နိုင်ငံရေးအကဲခတ် ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။ တရုတ်ကို စီးပွားရေးအရ ပစ်မှတ်ထား ဖိအားပေးဆက်ဆံသွားဖို့ ရှိနေတဲ့ ရီပတ်ဘလင်ကန်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ။ အမေရိကန်ပြည်ထောင်စု Carleton ကောလိပ် နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ ဒေါက်တာထွန်းမြင့်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ မအင်ကြင်းနိုင် ။ ။ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလင်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရန့် အပြတ်အသတ် အနိုင်ရခဲ့သလို အထက်နဲ့ အောက်လွှတ်တော်မှာဆိုရင်လည်း ရီပတ်ဘလင်ကန်တွေက […]