ကော်လာဂျင်ဆိုတာက အသားအရေ ကျန်းမာစေဖို့ အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ကော်လာဂျင်က အသားအရေ တင်းရင်းစေဖို့ လှပစေဖို့နဲ့ အဆစ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် အလှအပ အတွက် အခုနောက်ပိုင်းမှာ လေဒီလေးတွေအကြား အတော်ကို နာမည်ရလာတဲ့ ဖြည့်စွက် ဓာတ်စာလေး တစ်မျိုးပါ။ ကော်လာဂျင်ဆိုတာကို တော်တော်များများ သိထားတာက ပရိုတင်းရတဲ့ အသားတွေကနေ ရတယ်လို့ သိကြတာပါ။ ဒီတစ်ခေါက်မှာတော့ ကော်လာဂျင်ကို ရရှိစေနိုင်တဲ့ အသီးအနှံ (၅) မျိုးကို ပြောပြပေးချင်ပါတယ်။ အလှအပအတွက် အရေးပါတဲ့ ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုး ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုးကတော့ – ဟင်းနုနွယ်ရွက် ဟင်းနုနွယ်ရွက်က ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် […]