ylliX - Online Advertising Network

အီလွန်မတ်စ်က အဆိုတော် တေလာဆွစ်ရဲ့ လူမှုမီဒီယာအကောင့်ကို ပိတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာ Threads ပေါ်မှာ ဒီလအစောပိုင်းက စပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ‘SHOCKING NEWS: Elon Musk banned Taylor Swift’s account on social networks, causing her to lose more than a million followers and 72 million USD, saying: “She doesn’t deserve this,’ လို့ ရေးသားဖြန့်ဝေနေတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် အီလွန်မတ်စ်က အဆိုတော် […]

အီလွန်မတ်စ်က ဘီလ်ဂိတ်ကို ထောင်ထဲထည့်မယ်လို့ ပြောတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာ Threads မှာ နိုဝင်ဘာလ အစောပိုင်းကစပြီး အင်္ဂလိပ်ဘာသာစကားနဲ့ Elon Musk shouted “I will put you in jail Bill Gates” လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် အီလွန်မတ်စ်က ဘီလ်ဂိတ်ကို ထောင်ထဲထည့်မယ်လို့ ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ သတင်းရင်းမြစ် တိတိကျကျ မပါရှိပဲ သရော်စာပုံစံ ရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ ဒီအကြောင်းအရာကို ပထမဆုံး စတင်ဖြန့်ဝေတာကတော့ ရယ်စရာ သတင်းတွေနဲ့ […]

CNN သတင်းဌာနကို အီလွန်မတ်စ် ဝယ်ယူမယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို Yang Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ဆိုရှယ်မီဒီယာ Threads မှာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေထားတဲ့ ပိုစ့်တစ်ခုကို ဘာသာပြန်ပြီး ‘’Tesla, Space X, StarLink သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း ၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထား ဟုဆို’ လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း ၃ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုတဲ့ ပိုစ့်တွေကို ဆိုရှယ်မီဒီယာ Threads ပေါ်မှာလည်း အင်္ဂလိပ်ဘာသာစကားနဲ့ […]