စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်ရှိ အိမ်များကို လဆန်းပိုင်းတွင် ဧည့်စာရင်းဝင်စစ်သည့်နည်း ဖြင့် အိမ်တိုင်ရာရောက် စစ်သားသစ် စုဆောင်းနေသောကြောင့် လူငယ်အများအပြား တိမ်းရှောင်နေကြရသည်ဟု မြို့ခံများက ပြောကြသည်။ ရခိုင်ပြည်နယ်နှင့် ကချင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီတပ်က အရေးတကြီးလိုအပ်သော စစ်သည်အင်အားအတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းများ ဆက်တိုက် ဖွင့်နေရာ စစ်သင်တန်းအပတ်စဉ် (၇) ပင် ရောက်ရှိနေပြီဖြစ်သည်။ ဒီဇင်ဘာ ၃ ရက် ည ၉ နာရီခန့်က ပျဉ်းမနားမြို့၊ ဈေးကုန်းရွာနှင့် သူဌေးကုန်းရွာတို့တွင် အသက် ၂၀ နှင့် ၃၀ အတွင်း အမျိုးသား ၅ ဦးကို စစ်မှုထမ်းသင်တန်းတက်စေရန်အတွက် အတင်းအကျပ် ခေါ်ဆောင်သွား သည် ဟု မျက်မြင်တွေ့သူများက ဆိုသည်။ “ဧည့်စာရင်းတွေ လာစစ်၊ မိသားစု […]