ylliX - Online Advertising Network

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၃ )

(မိုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၂၅ 18/1/25 Diary in the darkness  အခုအချိန်မှာ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ ကြွေးကြော်သံကိုသာ ကြွေးကြော်ရန်မှတပါးအခြားမရှိပါ။ ၂၀၂၅ ရောက်ပြီ။ နွေဦးတော်လှန်ရေးဟာ သိသိသာသာ အရွယ်ရောက်ခဲ့ပြီ။ မြို့ပေါင်း တစ်ရာ နီးပါးကို တော်လှန်ရေးတပ်တွေက သိမ်းနိုင်ခဲ့ပြီ။ အနောက်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်ကို တော်လှန်ရေးတပ်တွေက လုံးဝနီးပါးသိမ်းနိုင်ခဲ့တယ်။ တနေ့က AAက ဂွမြို့ကို သိမ်းပြီး ဧရာဝတီတိုင်းဘက်ကို ခြိမ်းခြောက်နေတယ်။ NUG က စစ်ကိုင်းဘက်မှာ ရုံးထိုင်ဖို့ ပြင်နေတယ်။ လုံခြုံရေးအတွက် စိုးရိမ်ကြတယ်။ ပြည်သူ့လုံခြုံရေးကို အာမ မခံနိုင်တဲ့ အခြေအနေမှာ NUG ဟာ သူ့လုံခြုံရေးကို ထိပ်တန်းထားဖို့ မသင့်တော်ဘူးလို့ ယူဆပုံရတယ်။  KIA က မံစီကို […]

YBS ၁၃၃ မှ ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲမည်

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း (ဂိတ်ရင်း)မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့(ဂိတ်ဖျား)အထိဖြစ်ကြောင်း သိရသည်။ ပြေးဆွဲပေးသွားမည့် လမ်းကြောင်းအနေဖြင့် အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း(ဂိတ်ရင်း) မှ- ပဲခူးမြစ်- စစ်တောင်း- ယုဇနမုဒ်ဦး- ပိတောက်ကွေ့- ၅ လမ်း- ၁၁ လမ်း- ၁၄ လမ်း- ပုဏ္ဏမီ- ပဲခူးမြစ်လမ်း- အိုးအိမ်မှတ်တိုင်မှ ယခင်မူလသတ်မှတ်လမ်းကြောင်းအတိုင်းပြေးဆွဲပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့(ဂိတ်ဖျား) မှ ပြန်လည်ထွက်ခွာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ မူလလမ်းကြောင်းအတိုင်းဖြစ်ပြီး အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း(ဂိတ်ရင်း)တွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ Source link