ပဲခူးတိုင်းအခြေစိုက် တောင်ငူလေတပ်ဌာနချုပ်ကို တိုက်ခိုက်မှုအတွင်း အရာရှိလိုင်းခန်းထိမှန်ခဲ့သလို စစ်သား ၂ဦး သေဆုံးပြီး ၉ဦးဒဏ်ရာရ ရှိခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ထံက သိရပါတယ်။ဒီဇင်ဘာလ ၁၁ ရက်၊ ည ၁၁ နာရီ အချိန်မှာ တောင်ငူ (ကေတုမတီ) လေတပ် စခန်းအတွင်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးနဲ့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်း […]
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ-၆ တပ်ရင်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်လို့ ဗိုလ်ကြီး အပါအဝင် ၂ဦးသေဆုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄(မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က သတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာ ၄ ရက်၊ မနက် ၉ နာရီခန့်မှာ တပ်တွင်း သတင်းပေးပို့မှုအရ ခမရ-၆ တပ်ရင်းအတွင်းကနေ ဆိုင်ကယ် ၄ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးကို တပ်ရင်းနဲ့ ကိုက် ၂၀၀ အကွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးသိန်းဝင်း နဲ့ တပ်ကြပ်တင်အောင်တို့မှာ နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေက တပ်တွင်းသို့ ဆုတ်ခွာထွက်ပြေးသွားရာ MA-3 သေနတ် တစ်လက်၊ […]
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာတွင် အပြစ်မဲ့ပြည်သူ (၃)ဦးကို ဒလန်ဟု စွပ်စွဲကာ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာလ […] Source link
ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက်တပ်များမှ ဗိုလ်မှူး ၂ဦး ဦးဆောင်ပြီး အရာရှိစစ်သည် ၆၁ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ထံ အလင်းဝင်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်တဲ့ အရာရှိနဲ့စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ ၂၆ ဦးပါ တပ်ဖွဲ့တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက NUG ကာကွယ်ရေးဝန်ကြီးဌာနထံအလင်းဝင်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်သူ့အာဏာကို မတရားရယူခြင်း ပြည်သူ မတရားညှဉ်းပန်းနှိပ်စက်တာ ပြည်သူကို မတရားသတ်ဖြတ်တာတွေကို မြင်တွေ့ ကြားသိနေရတာကြောင့် စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေမှုတွေကို လက်မခံနိုင်တော့ဘဲ ပြည်သူ့ရင်ခွင် CDM ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ CDM ဗိုလ်မှူး အောင်မျိုးသွင်က ပြောပါတယ်။ပြည်သူ့ရင်ခွင် ခိုလှုံလာသော အရာရှိနဲ့ စစ်သည် စုစုပေါင်း ၆၁ […]
မကွေး၊ အောက်တိုဘာ ၂၇ သတင်းပေးပိုချက်အရ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရွာမကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့အား အောက်တိုဘာလ ၂၇ ရက် (ယနေ့) လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြောင်း သိရသည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ PDF အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်၊ ကျည်ကာ ၁ ထည် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link