ylliX - Online Advertising Network

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ပေကျင်းမြို့အာဆီယံကော်မတီအစည်းအဝေး (ACB) နှင့် အလှည့်ကျ ဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက် (၂၀-၁၁-၂၀၂၄ ရက်)

(၂၀-၁၁-၂၀၂၄ ရက်၊ ပေကျင်း) တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် ဟဲနန်ပြည်နယ်၊ ကျန်းကျိုးမြို့၌ ဖိလစ်ပိုင်နိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံကော်မတီ၊ ပေကျင်းမြို့ (ASEAN Committee in Beijing – ACB) သံရုံးအကြီးအကဲများ၏ ၂၀၂၄ ခုနှစ်အတွက် ဒုတိယကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျတာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီး များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအတွင်း တက်ရောက်လာသော သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များက ၁၈-၇-၂၀၂၄ ရက်တွင် မြန်မာနိုင်ငံမှ ကြီးမှူးကျင်းပခဲ့သည့် ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ အစည်းအဝေးမှတ်တမ်း (Summary Record) အား အတည်ပြုခဲ့ကာ အာဆီယံ-တရုတ် […]

မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ပထမအကြိမ် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့သံအမတ်ကြီးများကောင်စီတို့တွေ့ဆုံသည့် အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက် (၂၀-၁၁-၂၀၂၄ ရက်)

(၂၀-၁၁-၂၀၂၄ ရက်၊ ဂျကာတာ) အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂၀-၁၁-၂၀၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်သော ပထမအကြိမ် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ သံအမတ်ကြီးများကောင်စီတို့ တွေ့ဆုံသည့် အစည်းအဝေး၌ ပူးတွဲဥက္ကအဖြစ်ဆောင်ရွက်ခဲ့သည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာအခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Saad Mohammed Alemadi က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်း အဝေးသို့ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီအဖွဲ့ဝင် သံအမတ်ကြီးများနှင့် ကိုယ် စားလှယ်များ၊ ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်များဖြစ် သည့် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ဆော်ဒီအာရေးဘီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) တို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် […]