ylliX - Online Advertising Network

မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ နော်ဝေနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ (၂၂-၁-၂၀၂၅ ရက်)

(၂၂-၁-၂၀၂၅ ရက်၊ အော်စလို)  မြန်မာသံရုံး၊ အော်စလိုမြို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၂-၁-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ (၁၁၀၀)နာရီအချိန်တွင် နော်ဝေနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး H.E. Mr. Enrico Trinidad Fos အား ဖိလစ်ပိုင်နိုင်ငံသံရုံးသို့ သွားရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ သံအမတ်ကြီးများသည် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ********************************* Source link

(၂၂-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ –

(၂၂-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ 👉၁၆ ပဲရည် ရွှေတစ်ကျပ်သားYGEA စျေး – ၅,၄၅၀,၀၀၀ ကျပ်ပြင်ပပေါက်စျေး- ၆,၅၅၀,၀၀၀ ကျပ် 👉အမေရိကန်ဒေါ်လာဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)ပြင်ပပေါက်စျေး- ၄၅၃၀ ကျပ်(ဝယ်)၊ ၄၆၃၀ ကျပ်(ရောင်း) 👉စက်သုံးဆီ(ရန်ကုန်)Octane 92 – ၃၀၇၅ ကျပ်Octane 95 – ၃၁၄၀ ကျ​ပ်Premium Diesel – ၃၃၆၅ ကျပ်Diesel – ၂၇၄၀ ကျပ်ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။ Source link

မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်မှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Tran Phuoc Anh အား လက်ခံတွေ့ဆုံ (၂၂-၁-၂၀၂၅ ရက်)

(၂၂-၁-၂၀၂၅ ရက်၊ စင်ကာပူ) မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဇော်ဇော်စိုးမှ စင်ကာပူနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Tran Phuoc Anh အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၁၀၀၀ နာရီတွင် မြန်မာသံရုံး၊ စင်ကာပူမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြနမာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံအဖွဲ့နှင့် စင်ကာပူနိုင်ငံ၏ အခန်းကဏ္ဍ၊ နှစ်နိုင်ငံ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ သံရုံးယာယီတာဝန်ခံ က လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။ ************************************* Source link

မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်း အာရှဒေသနိုင်ငံတကာအဆင့် လုံခြုံရေးထိပ်သီးအစည်းအဝေးနှင့် ကုန်စည်ပြပွဲ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် (၂၂-၁-၂၀၂၅ ရက်)

(၂၂-၁-၂၀၂၅ ရက်၊ ကွာလာလမ်ပူ) မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးအောင်စိုးဝင်းသည် ပူထရာဂျာယာမြို့၊ ပူထရာဂျာယာကွန်ဗင်းရှင်းစင်တာ၌ ၂၀-၁-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာရှဒေသ နိုင်ငံတကာအဆင့် လုံခြုံရေးထိပ်သီးအစည်းအဝေးနှင့် ကုန်စည်ပြပွဲ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်  Dato’ Seri Dr. Ahmad Zahid bin Hamidi က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးများနှင့် ပြပွဲသို့ အာရှ-ပစိဖိတ်ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ပြည်ထဲရေး ဝန်ကြီးများ၊ ရဲချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် လုံခြုံရေးဆိုင်ရာကုမ္ပဏီများ တက်ရောက်ခဲ့ ပြီး ရဲဗိုလ်ချုပ် တင်ကိုကို၊ ဒုတိယရဲချုပ် (၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။  အဆိုပါအစည်းအဝေးနှင့် ပြပွဲအား အာရှဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အဓိကပြပွဲအခမ်းအနားတစ်ရပ်ဖြစ်လာစေရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို […]