ylliX - Online Advertising Network

Fact Check: အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်သလား- အထောက်အထားမရှိပါ

ခါးတဲ့အရသာ ၂ မျိုးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တာတွေ့ရပါတယ်။ အစားအသောက် ၂ ခုကို အတူတွဲ စားသောက်မိလို့ သေဆုံးနိုင်တယ်ဆိုတာဟာလည်း ယုံတမ်းစကားတခုသာဖြစ်ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဇင်ဘာ ၂၉ ရက်မှာစတင်ဖြန့်ဝေခဲ့တဲ့ ဒီပို့စ်ဟာ တရက်အတွင်း ပြန်လည်မျှဝေမှုပေါင်း တထောင်ကျော်နဲ့  ကြည့်ရှု့မှုအကြိမ်အရေအတွက် တ သိန်းနီးပါးအထိ ရရှိထားတယ်။  ဒီပို့စ်မှာပဲ ဓာတ်ပုံစာသားထဲမှာတော့ အမျိုးမတူသည့် အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိပါက သွေးတိုးပြီး လေဖြတ်သေဆုံးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။  “ခွေးတောက် + တမာ ကြောင်လျှာ + ကြက်ဟင်းခါး […]

နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀) တို့ကို လိုက်နာစောင့်ထိန်းရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ၂၈-၁၂-၂၀၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများသို့သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀) တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် […]

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်း ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပြုလုပ် –

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံ သင်တန်းကျောင်းများတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာ ခံယူခဲ့ကြကြောင်း သိရသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် ထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။ သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ သင်တန်းဆင်း စစ်သည်များ အား တွေ့ဆုံအမှာစကားပြောကြားကာ လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ […]

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး – Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၂၆ မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၂၆ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိ သည်ကို သိစေအပ်ပါသည်။ Source link

မွန်ပြည်လွတ်မြောက်ရေးတပ်မတော်ရဲ့ အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းခဲ့ပါပြီ

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်းကို အောင်မြင်စွာပြီးဆုံးကြောင်း အခမ်းအနားတခု ထွက်ရှိလာခဲ့ကြပါတယ်။ KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းဆင်းပွဲမှာ TNLA ရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး တားဆငည်းလေး၊ မွန်ပြည်လွတ်မြောက်ရေး တပ်တော်ရဲ့ ဒုစစ်ဦးစီးချုပ် နိုင်မာဃ နဲ့ စစ်ဦးစီးရုံးချုပ်က ဗညားမင်းကန်စီ၊ အရှင်တေဇိန္ဒာဘိဝံသ ၊ ABSDF ဦးဇော်ထွန်းတို့က တက်ရောက်ဂုဏ်ပြုခဲ့တာ တွေ့ရပါတယ်။သင်တန်းဟာ ၄၅ ရက်ကြာ စစ်သင်တန်းဖြစ်ပြီး ဒီစစ်သင်တန်း ပြီးဆုံးတဲ့အထိ စစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်၊ ရဲမေတွေရဲ့ တော်လှန်ရေးယုံကြည်ချက် ခိုင်မာမှု နဲ့ ဇွဲလုံလကြီးမှုကို အထူးဂုဏ်ယူမိတယ်လို့ MLA က ဆိုပါတယ်။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် […]

ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ ၆ ဦးကို ဖမ်းဆီးဖို့ ဆုငွေထုတ်

ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးကို ထိပါးစေတာကြောင့်ဆိုပြီး ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦးကို ဖမ်းဆီးဖို့ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာပဲ အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ နီးပါးနဲ့ ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ ၁ သန်း ဆုငွေ ထုတ်လိုက်ပါတယ်။ နောက်ထပ် ၇ ဦးရဲ့ နိုင်ငံကူးလက်မှတ်တွေ ကိုလည်း ပယ်ဖျက်လိုက်တာပါ။ ဟောင်ကောင် လုံခြုံရေးရာဝန်ကြီး Chris Tang က ဒီမိုကရေးစီရေးလှုပ်ရှားသူ ၆ ဦးဟာ ဗြိတိန်နဲ့ အမေရိကန်အပါအဝင် ပြည်ပမှာနေထိုင်ကြသူတွေဖြစ်ပြီး ဟောင်ကောင်ခွဲထွက်ရေး၊ ပုန်ကန်ရေး အတွက် တခြားနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦးထဲမှာ ဗြိတိန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူ Chung Kim-wah ၊ လွတ်လပ်ရေးလိုလားတဲ့ အဖွဲ့ခေါင်းဆောင်ဟောင်း Tony […]

မာနယ်ပလောဌာနချုပ်နေရာ ပြန်သိမ်းသည့်တိုက်ပွဲတွင် KNU သုံ့ပန်း ၆ ဦးရရှိ

မာနယ်ပလောဒေသကို ၁၉၇၅ ခုနှစ်တွင် KNU ၏ ဌာနချုပ်နေရာအဖြစ် တည်ထောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုအသီးသီးကို အခြေစိုက်ခွင့်ပြုခဲ့သည်။ Source link

ထိုင်းငါးဖမ်းသမား ၄ ဦး၊ ထောင်ဒဏ် ၆ နှစ်

နိုဝင်ဘာ ၃၀ ရက်တုန်းက စစ်ကောင်စီရေတပ်ကဖမ်းလိုက်တဲ့ ထိုင်းငါးဖမ်းသမားလေးဦးအား ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း မြန်မာရေတပ်မှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ထိုင်းသတင်းများမှာ ဒီကနေ့ဖော်ပြခဲ့ကြသည်။ မြန်မာရေပိုင်နက်ထဲခိုးဝင်ပြီး မောင်းပြေးသည့်အတွက် ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က အဆိုပါသတင်းကို တုံ့ပြန်ထားသည်။ ထိုင်းလူမျိုးတဦးလည်း သေဆုံးသွားတဲ့ ထိုဖြစ်စဉ်မှာ လှုပ်လှုပ်ခတ်ခတ်ရှိခဲ့ပြီး အခုတော့ စစ်ကောင်စီလက်ထဲက ထိုင်းလေးဦး ထောင်ကျပြီဟု ထပ်မံသတင်းထွက်လာသည်။ တာ့ခရိုင်အနီးက အုန်းဖန်မှာဗုံးကွဲတော့လည်း လူသေဆုံးမှုဖြစ်ခဲ့ပါသေးတယ်။ မြန်မာ့အရေးကို ဖာသိဖာသာနေခဲ့ကြသည့် အိမ်နီးချင်းများနိုင်ငံများတွင် ထိုင်းကအဓိကပါဝင်ပြီး ပေါပေါလောလောရရှိနေတဲ့ လူသားရင်းမြစ်များကို မြိန်မြိန်ကြီး ထိုင်သုံးစွဲခဲ့ကြသည်။ အခုတော့ စစ်ကောင်စီ ထင်ရာစိုင်း ရက်စက်ကြမ်းကြုတ်မှုတွေကို ထိုင်းလူမျိုးများပါ ကူးစက်ခံစားနေရသည့်အခြေအနေကို ဆိုက်ရောက်လာပြီဖြစ်သည်။ Continue Reading Source link

မြန်မာနိုင်ငံသား ငါးဖမ်းသမား ၆ ဦးကို ထိုင်းနိုင်ငံက လက်တုံ့ပြန် ဖမ်း​ဆီး

၁၅. ၁၂. ၂၀၂၄Translated by Thettant မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသူ ထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ရေးလုပ်ငန်းစဥ်မပြီးပြတ်သေးသည့်အချိန်တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားငါးဖမ်းလုပ်သား ၆ ဦးကို လက်တုံ့ပြန် ဖမ်း​ဆီးလိုက်သည်။ မြန်မာနိုင်ငံမှ ငါးဖမ်းရေယာဉ် ပြည့်ဖြိုးလှိုင် – ၁၈ နှင့် မြန်မာနိုင်ငံသား ခြောက်ဦးကို တရားမဝင် ရေထွက်ကုန်များ မှောင်ခို သယ်ဆောင်မှုဖြင့် ရနောင်းမြို့တွင် ဖမ်းဆီးခဲ့ကြောင်း Thai Enquirer က ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြမှုအရ သိရသည်။ အဆိုပါ ပြည့်ဖြိုးလှိုင် – ၁၈ ငါးဖမ်းသင်္ဘောပေါ်တွင် တင်သွင်းခွင့် မရှိသော အလေးချိန် တန် ၄၀ ခန့်ရှိ ဆားထုပ် အိတ် ၂၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မြန်မာသင်္ဘောသားခြောက်ဦးအား ပက်နမ်ရနောင်း […]