အခုလ အစောပိုင်းက ဆီးရီးယားမှာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယားသူပုန်ခေါင်းဆောင်အပေါ် အရင်က ဖမ်းဆီးနိုင်ဖို့ ထုတ်ပြန်ထားတဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ကို ပယ်ဖျက်လိုက်တယ်လို့ အမေရိကန် အစိုးရက သောကြာနေ့မှာ ကြေညာပါတယ်။ တချိန်က အယ်လ်ကိုင်းဒါးနဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးတဲ့ အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့ Hayat Tahrir al-Sham (HTS) ခေါင်းဆောင် Ahmad al-Sharaa နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံတမန် Barbara Leaf တို့ ဒမတ်စကတ်မြို့တော်မှာ တွေ့ဆုံပြီးနောက် ဒီ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ HTS အဖွဲ့ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်မှုကြောင့် ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေကို […]
ဆီးရီးယား နိုင်ငံမှာ စစ်ပွဲ မပြီးဆုံးသေးကြောင်း၊ နိုင်ငံဟာ ထိလွယ်ရှလွယ် အခြေအနေနဲ့ အခက်အခဲ အများအပြား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အင်္ဂါနေ့မှာ သတိပေးလိုက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုဆီကို အလျင်အမြန် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ Source link
HTS လို့ အတိုကောက်ခေါ်တဲ့ Hayat Tahrir al-Sham အဖွဲ့ဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားနိုင်ငံထဲ ထွက်ပြေး ခိုလုံခဲ့ရတဲ့ ဆီးရီးယား သမ္မတ အာဆဒ် ကို ဖြုတ်ချရာမှာပါဝင်တဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေကို ဒီအဖွဲ့က ဦးဆောင်ခဲ့တာပါ။ အခု ဒီအဖွဲ့နဲ့ သမ္မတ ဘိုင်ဒန်အစိုးရ တာဝန်ရှိသူတွေ တိုက်ရိုက် ဆက်သွယ် စကား ပြောတာတွေ ရှိနေတယ်ဆိုတာကို ဝန်ကြီး ဘလင်ကန်က ပထမဆုံး ထုတ်ဖော်ပြောဆိုတဲ့ အမေရိကန် ထိပ်တန်း အရာရှိ ဖြစ်ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး နိုင်ငံစုံက တာဝန်ရှိသူတွေ ဆွေးနွေးနေကြတဲ့ ဂျော်ဒန်နိုင်ငံက သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောသွားတာလည်း ဖြစ်ပါတယ်။ အာဆဒ်အစိုးရ […]
ဆီးရီးယားနိုင်ငံမှာ အကြီးဆုံးမြို့ဖြစ်တဲ့ Aleppo ရဲ့ အချက်အခြာနေရာ အများစုကို ထောင်နဲ့ချီတဲ့ သူပုန်တွေ သိမ်းပိုက်လိုက်ပြီး လေဆိပ်ကို ထိန်းချုပ်လိုက်သလို အနီးအနားဒေသတွေကိုလည်း ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရတပ်ဖွဲ့တွေက ထိုးစစ်ကို ခုခံမှု မရှိသလောက် နည်းပါးတယ်လို့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ Hayat Tahrir al-Sham ဦးဆောင်တဲ့ သူပုန်တွေဟာ Aleppo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သိမ်းပိုက်ထားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် ပထမဆုံး သူပုန်တွေက နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေဆိပ်ကို သိမ်းပိုက်လိုက်ကြောင်း သူပုန်တွေကလည်း ကြေညာခဲ့ကြပြီး လေဆိပ်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ကြတာပါ။ သူပုန်အဖွဲ့တွေက အနီးအနား ဒေသတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေရာမှာ ၂၀၁၆ ခုနှစ်တုန်းက […]