(အာသံ၊ ၁၁-၁-၂၀၂၅) အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ Charaideo ဒေသတွင်ကျင်းပပြုလုပ်သည့် Charaideo Festival 2025 သို့ ဧည့်သည်တော်အကြီးအကဲအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ Charaideo Festival 2025 အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၄၆) ကြိမ် မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေး၌ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခဲ့သော အာသံပြည်နယ်၏ သမိုင်းဝင်ထင်ရှားကျော်ကြားသည့် Ahom Kingdom ၏ ဘုရင်များနှင့်မိဖုရားများ၏ဂူဗိမာန် Charaideo Moidams အား ဂုဏ်ပြုသောအားဖြင့် အာသံပြည်နယ် Folk Culture Research Development Committee က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ Arunachal Pradesh ပြည်နယ်၏ စိုက်ပျိုးရေး၊မွေးမြူရေး၊ တိရစ္ဆာန်မွေးမြူရေး၊တိရစ္ဆာန်ဆေးကုနှင့် […]