ylliX - Online Advertising Network

KIA က မံစီမြို့ အလုံးစုံ သိမ်းယူ၊ စစ်ကောင်စီရဲ့ မြောက်ပိုင်း မဟာဗျူဟာလမ်းကြောင်း

မိုးမခ၊ ဇန်နဝါရီ ၉၊ ၂၀၂၅ KIA က မံစီမြို့ အလုံးစုံ သိမ်းယူ၊ စစ်ကောင်စီရဲ့ မြောက်ပိုင်း မဟာဗျူဟာလမ်းကြောင်း  ကချင်ပြည်နယ် အရှေ့ဘက်မြို့တွေ ဖြစ်တဲ့ မံစီနဲ့ ဗန်းမော်မြို့တွေမှာ စစ်ကောင်စီတပ်တွေရဲ့ အခြေစိုက် တပ်ရင်းတွေ နဲ့ မြို့ကို သိမ်းယူဖို့ လတ်တလော KIA ရဲ့ ထိုးစစ်ဆင်မှုမှာ သီတင်းပတ်နဲ့ချီ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်နေ့မှာတော့ KIA လက်နက်ကိုင်တပ်ဖွဲ့က မံစီမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြထားကြပါတယ်။ မံစီမြို့ထက် ကြီးတဲ့ ဗန်းမော်မြို့မှာတော့ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဗန်းမော်မြို့ရဲ့ ရပ်ကွက်နေရာ အများအပြားကို KIA က နေရာယူသိမ်းယူထားပြီးလို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။  မံစီ […]

နှစ်သစ်ကူးပြောင်းစ နဲ့ လွတ်လပ်ရေး အထိမ်းအမှတ်နေ့

မြန်မာနွေဦးခရိုနီကယ် – ဇန်နဝါရီ ၃ မြင်ကွင်းမိုးမခ၊ ဇန်နဝါရီ ၄၊ ၂၀၂၅ နှစ်သစ်ကူးပြောင်းစ နဲ့ လွတ်လပ်ရေး အထိမ်းအမှတ်နေ့ ပြက္ခဒိန်နှစ်တနှစ်ကုန်ဆုံးလို့ နောက်နှစ်သစ်ကူးပြောင်းစ ရက်မှာပဲ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၇၇ နှစ်မြောက်နေ့ အချိန်အခါသမယ ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်တော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၇ နှစ် ၁၉၄၈ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ၃ နှစ်အကြာမှာ မြန်မာနိုင်ငံက ဗြိတိသျှအင်ပိုင်ယာရဲ့ ကိုလိုနီအဖြစ်က လွတ်ပြီး လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ စတင်ဖြစ်ပွားပြီး မြန်မာနိုင်ငံ တောင်ဘက်ပိုင်း နဲ့ ရခိုင်ကို သိမ်းယူခဲ့တဲ့အချိန်က စတင်တွက်ချက်ရင် နှစ်ပေါင်း ၁၂၄ နှစ်အကြာမှာ မြန်မာနိုင်ငံ အနေနဲ့ […]

၂၀၂၅ ခုနှစ်မှာ ရင်ဆိုင်ရနိုင်တဲ့ မြန်မာနိုင်ငံအခြေအနေ

မိုးမခ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၄ ၂၀၂၅ ခုနှစ်မှာ ရင်ဆိုင်ရနိုင်တဲ့ မြန်မာနိုင်ငံအခြေအနေ  ပြက္ခဒိန်နှစ်တနှစ် ဖြစ်တဲ့ ၂၀၂၄ ကုန်ဆုံးချိန်မှာ ရှေ့လာမယ့် ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ ဘာတွေ ရင်ဆိုင်ကြရနိုင်သလဲ။ ဘာတွေကြုံတွေ့ကြရမလဲ ဆိုတဲ့ မေးခွန်း နဲ့ အတွေးက လူတိုင်းမှာ ရှိနေကြလိမ့်မယ် ထင်ပါတယ်။ ဘေးကင်းလုံခြုံမှု အနေနဲ့ ဆိုရင် မိမိတို့နေထိုင်နေတဲ မြို့ရွာတွေအထိ စစ်မီးက ရောက်လာနိုင်သလား၊ လက်ရှိစစ်မီးရောက်နှင့်ပြီး တိမ်းရှောင်နေကြသူတွေအဖို့လည်း ၂၀၂၅ ခုနှစ်ထဲမှာ ဘယ်တော့လောက် ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်အိမ်ကို ပြန်နိုင်မလဲ ဆိုတဲ့ အတွေးက ရှိနေကြမှာ မလွဲပါဘူး။ ၂၀၂၄ ခုနှစ်ထဲမှာ စစ်မီးကူးစက်လာတဲ့ နယ်မြေဒေသတွေ အများအပြားတွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လားရှိုး၊ […]

၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၂)

မိုးမခ၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၄ ၂၀၂၄ ခုနှစ် တနှစ်တာ ဖြစ်ရပ်များ (၂)  ၂၀၂၄ ခုနှစ်ဆန်းပိုင်း ဇန်နဝါရီလက စပြီး လအတန်ကြာ ဆီဆိုင်မြို့နဲ့ ၄င်းနယ်တဝိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ဒေသခံ ထောင် သောင်းချီ နေအိမ်တွေကနေ တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူနေအိမ် ရာထောင်ချီ ပျက်စီး ဆုံးရှုံးခဲ့ကြရသလို ပအိုဝ်းဒေသက ဒေသခံတွေ တန်ဖိုးထားကြတဲ့ ဘာသာရေးအဆောက်အဦ ဘုန်းတော်ကြီးကျောင်း အများအပြားလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ကြရခြင်းဟာ လူမှုအသိုင်းအဝိုင်းရဲ့ တန်ဖိုးထားရတဲ့ အဆောက်အဦ ယဥ်ကျေးမှု လက်ရာတွေ ဆုံးရှုံးကြရတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။  ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည် လွိုင်ကော်တို့အကြားမှာ တည်ရှိတဲ့ ပအိုဝ်းဒေသမှာ PNLO/PNLA […]

Currents APK (Android App) – Free Download

Currents by G Suite allows you to connect with your colleagues while you’re in the office or on the go. • Exchange ideas and documents, and have meaningful discussions with your colleagues — all without flooding your inbox. • Enjoy the most important content first, with the ability to order your home stream by relevance […]

နိုင်ငံတကာသာဂိ – အမေရိကန်-တရုတ် ဆက်ဆံရေး ပြေလည်စေဖို့ အီလန်မတ်နဲ့ တေလာဆွစ် တို့၏အခန်းကဏ္ဍ

 (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၄ နယူးယောက်တိုင်းစ်သတင်းစာ၊ ဒီဇင်ဘာ ၁၈၊ သောမတ်စ်ဖရစ်မင်း၏ ဆောင်းပါးကို မှီးပါတယ် တရုတ်ပြည်ဟာ အခုအချိန်အနည်းငယ်အတွင်း နည်းပညာမှာ မဟာခုန်လွှားမှုနဲ့ တိုးတက်သွားပြီလို့ ဆိုကြပါတယ်။ တရုတ်တွေက ထရန့်ကို အမည်ပြောင်ပေးထားတယ်။ တရုတ်ပြည်ကို ထူထောင်ပေးသူကြီး တဲ့။ (Chuan Jianguo). ထရန့် ၂၀၁၆ လက်ထက်ကတည်းက ကုန်သွယ်ရေးစစ်ပွဲစပြီးနောက် တရုတ်ဟာ ကမ္ဘာမှာ လျပ်စစ်ကား၊ စက်ရုပ်၊ ရှားပါးသတ္တုတွေ ထုတ်လုပ်ရာမှာ အမေရိကန်ကို မှီခိုစရာမလိုတဲ့ ဆူပါဝါဝါနိုင်ငံ ဖြစ်လာပါတယ်။ သို့သော် တရုတ်ဟာ ထုတ်လုပ်ရေးမှာ စွမ်းအားကြီးသော်လည်း စားသုံးသူကဏ္ဍမှာတော့ အားနည်းနေတုန်းပဲလို့ ဆိုပါတယ်။ ဥပမာတခုက လူဗလကြီးဟာ အပေါ်ကြီးပြီး အောက်က ခြေထောက်လေးတွေက ကြက်ခြေထောက်လို သေးနေတယ်တဲ့။ တရုတ်က ကုန်ပစ္စည်းတွေ တင်ပို့သူ […]

စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အနည်းငယ်သာကျန်ရှိတော့တဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်

မြန်မာနွေဦးခရိုနီကယ် – ဒီဇင်ဘာ ၂၀ မြင်ကွင်း မိုးမခ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၄ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အနည်းငယ်သာကျန်ရှိတော့တဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ် နှစ်ပေါင်းရာချီတဲ့ ပဒေသရာဇ်ခေတ်တွေက စပြီး မြန်မာဘုရင်တွေလက်အောက် ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အရှိန်ပြင်းထန်လာတဲ့ လက်နက်ကိုင် ခုခံတော်လှန်မှု၊ ပြည်မက မြန်မာစစ်တပ်ကို ၄င်းတို့ရဲ့ နယ်မြေဒေသတွေကနေ ထွက်ခွာသွားအောင် တိုက်ခိုက်မှုရေစီးမှာ ရခိုင်ပြည်နယ်ဟာလည်း တိုင်းရင်းသား ဒေသတခုအဖြစ် ပါဝင်လာပြီး ၂၀၂၄ ခု ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ထဲက တခုထည်းသော စစ်တိုင်းဌာနချုပ်ဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ Arakan Armyက သိမ်းယူနိုင်ခဲ့တဲ့အကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ရခိုင်ပြည်နယ် […]

ကချင်ပြည်နယ် ဗန်းမော် နဲ့ မံစီတို့မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ပြန်လည်သိမ်းယူဖို့ ကြိုးစားလာတဲ့ မန္တလေးမြို့မြောက်ဘက်ဒေသ

မိုးမခ၊ ဒီဇင်ဘာ ၆၊  ၂၀၂၄ ကချင်ပြည်နယ် ဗန်းမော် နဲ့ မံစီတို့မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ပြန်လည်သိမ်းယူဖို့ ကြိုးစားလာတဲ့ မန္တလေးမြို့မြောက်ဘက်ဒေသ သြဂုတ်လဝန်းကျင်က စတင်ပြောင်းလဲလာတဲ့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒရဲ့ အကျိုးသက်ရောက်မှုကြောင့် ရှမ်းမြောက်ဒေသတွေက တိုက်ပွဲတွေ အရှိန်လျော့ကျလာနေချိန် ကချင်ပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းတွေမှာတော့ KIA လက်နက်ကိုင် အဖွဲ့က အရှိန်လျော့ကျသွားခြင်း မရှိဘဲ တနေရာပြီးတနေရာ ထိုးစစ်ဆင်တာ နယ်မြေသိမ်းယူတာတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း အထူးဒေသ (၁) နယ်မြေထဲက ပန်ဝါ၊ ကန်ပိုက်တည် တို့ကို သိမ်းယူခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် NDA-K အဖြစ်ဖွဲ့စည်းခဲ့ကာ ထိန်းချုပ်ထားခဲ့တဲ့ ဒေသတွေအားလုံးကို KIA က သိမ်းယူခဲ့တာ […]

ထိုင်းငါးဖမ်းလှေ မြန်မာရေတပ် ပစ်ခတ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ရေလုပ်သားကို မြန်မာရေတပ် ပစ်ခတ်တယ်လို့ ဆို

မိုးမခ၊ ဒီဇင်ဘာ ၁၊  ၂၀၂၄ ထိုင်းငါးဖမ်းလှေ မြန်မာရေတပ် ပစ်ခတ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ရေလုပ်သား ကို မြန်မာရေတပ် ပစ်ခတ်တယ်လို့ ဆို ခုရက်ပိုင်းအတွင်း ထိုင်းငါးဖမ်းလှေ တစီးကို မြန်မာရေပိုင်နက်ထဲ ဝင်ရောက်ငါးဖမ်းတယ်ဆိုပြီး မြန်မာရေတပ်က ပစ်ခတ်ကာ ငါးဖမ်းလှေက အလုပ်သမား ၃၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းထဲက ဇာဒက်ကြီးကျွန်းအနီး၊ ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲမှာ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာပါ။ အလားတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပင်လယ်ပြင်မှာလည်း ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတဦးကို မြန်မာရေတပ်က ပစ်ခတ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ် အနောက်ဘက် ဘင်္ဂလားပင်လယ်အော် မြောက်ဘက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပင်လယ်ပြင်နယ်နိမိတ်ထိစပ်ရာ စိန့်မာတင်ကျွန်းအနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး […]

KIA သိမ်းယူလိုက်တဲ့ ကချင်အထူးဒေသ (၁) နယ်မြေ ဖျက်သိမ်းကြောင်း KIA ကြေညာ

(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၄⁨⁨⁨⁨⁨⁨ KIA သိမ်းယူလိုက်တဲ့ ကချင်အထူးဒေသ (၁) နယ်မြေ ဖျက်သိမ်းကြောင်း KIA ကြေညာ မကြာသေးတဲ့ သီတင်းပတ်တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းယူထိန်းချုပ်လိုက်တဲ့ ကချင်ပြည်နယ် အရှေ့ပိုင်းက ကချင်အထူးဒေသ (၁) ကို ဖျက်သိမ်းလိုက်ကြောင်း KIA က နိုဝင်ဘာ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။  ထုတ်ပြန်ချက်ထဲမှာ “ယခင်စစ်အာဏာရှင် အစိုးရများမှ ၄င်းတို့အာဏာ ခိုင်မြဲစေရန် အတွက် ကချင် အထူးဒေသ (၁) ဟူ၍ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့ပါသည်” လို့ ရေးသားဖော်ပြထားပြီး ယနေ့မှစ၍ ကချင်အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ […]