ylliX - Online Advertising Network

စစ်ကောင်စီနှင့်အပစ်ရပ်ရန် KIO/KIA ကို တရုတ်ထပ်မံတိုက်တွန်း – Myanmar Now

စစ်ကောင်စီနှင့်ဖြစ်နေသည့် တိုက်ပွဲများအဆုံးသတ်ရန် ကချင်လွတ်လပ်ရေး (KIO/KIA) ထိပ်ပိုင်းခေါင်းဆောင်များကို တရုတ်အစိုးရကိုယ်စားလှယ်များက ထပ်မံတိုက်တွန်းလိုက်သည်ဟု KIO/KIA ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဗဟိုအဖွဲ့ဝင် ဝူကန် (Wu Ken) ဦးဆောင်သည့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့် KIO/KIA ခေါင်းဆောင်များနှင့် ဒီဇင်ဘာ ဒုတိယသတင်းပတ်အတွင်းက  တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပြုလုပ်ခဲ့သည့် သီးသန့်ဆွေးနွေးပွဲအတွင်း ယင်းကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  “မင်းအောင်လှိုင်အဖွဲ့နဲ့ ပစ်ခတ်ရပ်စဲရေးလုပ်ပါဆိုပြီးမှ ပြောဆိုလာတဲ့ဟာတွေပါတယ်”ဟု KIO/KIA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက  ပြောသည်။  တရုတ်ဘက်ကတိုက်တွန်းမှုများရှိသော်လည်း  KIA တပ်များသည် တရုတ်နယ်စပ်မှ အချက်အချာကျသည့် ဗန်းမော်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်။  ဗန်းမော်မြို့ကိုသိမ်းပိုက်ရန် ရည်ရွယ်သည့် KIA ၏ထိုးစစ်သည် ဆက်လက်ပြင်းထန်နေပြီး မြို့ကိုသိမ်းပိုက်နိုင်ရန် ကြိုးစားနေသည်ဟုလည်း  KIO/KIAပြောရေးဆိုခွင့်ရအရာရှိ […]