မွန်ပြည်နယ် မုဒုံမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းက ကားသုံးစီး မနေ့က ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အပြင် ဒီရက်ပိုင်းအတွင်း ကျိုက်မရောမြို့နယ်ထဲက ရဲစခန်းနှစ်ခုကို ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့က (၆) ယောက်သေဆုံးပြီး (၅) ယောက်ဒဏ်ရာရခဲ့ကြောင်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို အခုရက်ပိုင်း ခပ်စိတ်စိတ် တိုက်ခိုက်ခံနေရတဲ့အတွက် မုဒုံ မြို့အဝင်အထွက်နေရာမှာ စစ်ဆေးရေး ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မွန်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ ဇန်နဝါရီလ (၁၃) ရက် မနက်အစောပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းရွာနဲ့ ကွမ်လှာရွာကြား မော်လမြိုင်-သံဖြူဇရပ် ပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခဲ့ ကြောင်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က […]