Credit to Popular Journal – ပြည်ပသို့ ဆန်၊ ဆန်ကွဲ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်ရငွေများကို ပြည်တွင်းရှိ AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ယနေ့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်တိုက်တွန်းခဲ့သည်။ ထို့အပြင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည့် ကုမ္ပဏီများ အလေးထားလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည့် ယင်းထုတ်ပြန်ချက်တွင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည်ဆိုပါက ကုန်ဝယ်သူ(Buyer)၊ ကုန်လက်ခံနိုင်ငံ၊ အရည်အသွေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် အကြံပြု နှိုးဆော်ထားသည်။ အလားတူ ဆန်စပါးဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန်နှင့် လစဉ် လကုန်ပြီး(၇)ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လချုပ်စာရင်းကိုလည်း Myanmar Rice Online […]