ylliX - Online Advertising Network

မြန်မာပြည်သူတွေ လွတ်လပ်ရေး အမေရိကန်တသားတည်းရပ်တည်

မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ဒီနေ့ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်ပုံဖော်ခွင့်ရှိမယ့် လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတွေထဲပါခဲ့တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ထောက်ခံမှုကို ထပ်လောင်းအတည်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ စီးပွားရေးသာယာဝပြောမှုတွေကို ခံစားနိုင်ကြဖို့ ကြိုးပမ်းမှုတွေမှာ အမေရိကန်က မြန်မာပြည်သူတွေနဲ့တသားတည်း ရပ်တည်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားနိုင်ရေးကို ထောက်ခံအားပေးနေကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့၊ မတရား ဥပဒေမဲ့ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးပါလို့ အမေရိကန်က တောင်းဆိုပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးခွင့်ပြုဖို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ […]

ရခိုင်မှာ လက်နက်ချတဲ့ စစ်ကောင်စီတပ်တွေ အောင်စိတ် ပျောက်ဆုံးနေပြီ

ရခိုင်မှာ အာရက္ခတပ်တော်ကို လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေမှာ တိုက်ရေးခိုက်ရေး နဲ့ အောင်စိတ်ဆိုတာမျိုး ပျောက်ဆုံးနေတာ တွေ့ရတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ သောကြာနေ့က လုံးဝထိန်းချုပ်လိုက်တဲ့အပြင်၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ်တို့ကိုပါ လက်ရဖမ်းဆီးခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ စစ်ကောင်စီ တပ်မှူး၊ တပ်သားတွေကို ဘယ်လို ရိုက်ခတ်နိုင်မလဲ၊ အာရက္ခတပ်တော်ဘက်က စစ်ရေးမှာ ဘာကြောင့် အားသာနေသလဲ။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ပန်းတိုင်အဖွဲ့ တာ၀န်ခံ CDM ဗိုလ်မှူးနောင်ရိုး ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ ဗိုလ်မှူးနောင်ရိုး ။ ။ စစ်တပ်ရဲ့ သမိုင်းတလျှောက်၊ တိုင်းစစ်ဌာနချုပ်အဆင့် နှစ်ခုလောက်ကို […]

တရုတ် စွက်ဖက်လို့ ဖြစ်လာနိုင်တဲ့ အခြေအနေ

၁၀၂၇ စစ်ဆင်ရေးတုန်းက မသိကျိုးကျွံပြုနေခဲ့တဲ့ တရုတ်ဟာ အခုအခါ တိုင်းရင်းသားအင်အားစုတွေကို အတိုက်ရပ်ခိုင်းပြီး စစ်ကောင်စီကို တဖက်သတ် အားပေးလာတာ ဘာကြောင့်ပါလဲ။ တိုင်းရင်းသားတပ်ဖွဲ့တွေကို လုံးဝ စွန့်လွှတ်လိုက်တဲ့ သဘောလား။ Donald Trump သမ္မတ ဖြစ်လာပြီးရင်ကော အမေရိကန်အနေနဲ့ မြန်မာအပေါ် တရုတ်လွှမ်းမိုးလာတာကို တန်ပြန်နိုင်ဖွယ် ရှိပါသလား။ ဒီတပတ် အယ်ီဒတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦး‌ကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။ မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ တရုတ်က အခုလတ်တလောမှာ မြန်မာစစ်ကောင်စီပေါ်မှာ ထောက်ခံမှု့ပိုပြီးတော့ များလာတာ တွေ့ရပါတယ်။ ဒါက တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလာတယ်လို့ ပြောလို့ရမလား။ ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ မူဝါဒ ပြောင်းသွားတယ်လို့တော့ […]

NGO တွေ ရန်ပုံငွေ ခွဲဝေပုံ

အမေရိကန် လွှတ်တော်က ပြဌာန်းခဲ့တဲ့ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ ၁၂၁ သန်း အထောက်အပံ့ပေးဖို့ အတည်ပြုထားပါတယ်။ ဒီရန်ပုံငွေရဲ့ ရာခိုင်နှုန်းဘယ်လောက် အောက်ခြေကို ရောက်နိုင်ပါမလဲ။ Source link