သျှမ်းပြည် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ် အတွင်းမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ဇန်နဝါရီ တတိယပတ်မှ စတင်ပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် PNO က ပြည်သူများထံ အခွန်ကောက်ယူသည့် ကိစ္စတွေ ပိုပြီးများပြားလာပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က စစ်အင်အား အလုံးအရင်းဖြင့် အင်အားပြပြီးနောက် ကားချောဆွဲမှု၊ ကားရှိသော အိမ်များကို အခွန်ကောက်ယူမှုများ မကြာခဏ ပြုလုပ်လာတာကြောင့် ပြည်သူတွေက အခက်အခဲများ ကြုံတွေ့နေရပါတယ်။ ပင်လောင်း၊ ဆီဆိုင်ဒေသအတွင်းမှာ တိုက်ပွဲတွေကြောင့် အချို့က စစ်ဘေးရှောင်နေရသူတွေ ရှိသလို၊ စိုက်ပျိုးရေးကို သေချာစွာ မလုပ်ရတဲ့အတွက် ဝင်ငွေထိခိုက်ခဲ့ရပြီး၊ ကုန်ဈေးနှုန်း […]
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တွေက အရွယ်ရောက်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် ဖယ်ခုံ၊ ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ် တွေမှာ စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ PNO အဖွဲ့ ထိန်းချုပ် နယ်မြေတွေမှာ တအိမ်ထောင်တယောက် စစ်မှုမထမ်းမနေရ ဖိအားပေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ အခြေစိုက်လှုပ်ရှားနေတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့ နယ်မှာ ကျေးရွာတွေကို တအိမ်တယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ ဖိအားပေးနေပါတယ်။ အဓိက ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေမှာ PNO က အဓမ္မစစ်သားစုဆောင်းပြီး စစ်သင်တန်းတွေ ပေးနေတယ် လို့ နာမည်မဖော်လိုတဲ့ ဒေသခံတဦးက ဗွီအိုအေကို […]
သျှမ်း-ကရင်နီ တကြော ဖြစ်သည့် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ ဘက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့ လွိုင်ကော်မြို့အနီးရှိ ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ နှင့် တော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ တိုက်ပွဲများ ပြင်းထန်နေသော်လည်း စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့ဘက်တွင် နေရာအပြည့် ပြန်လည် ထိန်းချုပ်နိုင်ရန် ပြည်သူစစ် (PNO) ပူးပေါင်းတပ်နှင့် စစ်အင်အား နေ့စဉ် ထပ်မံ ဖြည့်တင်းနေကြောင်း ၎င်းက […]
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် အခွန်ကောက်ခံမှုသည် ယခင်ကထက် ပိုများလာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ လက်ရှိ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၊စံကားဒေသတို့တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ကားရှိ သောအိမ်များကို အခွန်ကောက် နေကြောင်း ဟိုပုံးမြို့နယ် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့က ပအိုဝ်းလူမျိုးကို အဓိကထားပြီးတော့ အရင်ကောက်တာ။ တခြားလူမျိုးတွေကိုတော့ လူကြည့်ပြီး ကောက်တယ်။စံကားတို့၊ဟိုပုံးမြို့က အနီးအနားရွာတွေကိုရော သူတို့က ရွာတွေဘက်ကိုကြည့်ပြီးတော့ ကောက်တာ။ရွာတွေ မှာကတော့ ကားငယ်တွေက ၃ သောင်းထားကောက်တယ်။မြို့ပေါ်ကတော့ ၅ သောင်းထည့် ရတယ်”ဟု ၎င်းအမျိုးသားကဆိုသည်။ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် […]
သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရန် ပိုက်ဆံအများအပြားနှင့် ပြန်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီး ဖြားဒုံးကျော်ကို ၎င်း၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖမ်းဆီးသွားပြီးနောက် ဒီဇင်ဘာလ ၁၁ ရက် ညတွင် ပြန်လည်လွတ်ပေးလာခဲ့ကြောင်း ဆိုက်ခေါင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ “တွေပူးရွာသူကြီးတော့ ပြန်လွှတ်ပြီ။ သိန်း ၆၀၀ နဲ့ ပြန်ရွေးရတယ်ပြောတယ်။ အဓိကတော့ ပိုက်ဆံလိုချင် ဖမ်းသွားပေါ့ကွာ” ဟု ၎င်းကပြောသည်။ PNO/PNA အဆိုပါကိစ္စနှင့် […]
ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို အကြမ်းဖက်စစ် တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂ […]
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO/PNA မှ ပြည်သူပိုင် ပစ္စည်းများကို အတင်းအဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာဘက်တွင် အရပ်သားနေအိမ် အတွင်းထိ ဝင်ရောက် ခြိမ်းခြောက်ကာ တန်ဖိုးရှိ ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “နိုဝင်ဘာလ ဒုတိယပတ်ထဲမှာပဲ PNO အဖွဲ့တွေ ကျေးရွာနေအိမ်တွေထဲ ဝင်ပြီး ပိုက်ဆံရှိတဲ့ အိမ်တွေဆို တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အကုန်ယူသွားတယ်။ ဘုရားတောင်ရွာနဲ့ ဟိုတိန်ရွာဘက်မှာ မြို့နဲ့ နည်းနည်းဝေးတော့ သူတို့လုပ်ချင်သလို လုပ်ကြတယ်။ အထက်လူကြီးတွေတော့ သိမှာလည်း မဟုတ်ဘူး၊ ပစ္စည်းတန်ဖိုးက နည်းတာ […]
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်တို့က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲအချိန်မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချခဲ့သလို မြေပြင်၌ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ခိုက်လာနေသည်ဟု PNLA ၏ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ PNLO နှင့်စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားသည့်နေရာ လက်ရှိတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ် PNO တပ်ဖွဲ့ နှင့် PNLA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဆိုသည်။ “အခုမြေပြင်အခြေအနေ အသေးစိတ်မသိရသေးပါဘူး။ ဒီနေ့နံနက်ပိုင်းမှာ စစ်ကောင်စီက အများပြည်သူအသုံးပြုတဲ့ ပွန်ချောင်းတံတားကို ဗုံးသုံးလုံးကြဲချသွားပါတယ်။ […]
သျှမ်းပြည် ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ အမျိုးသားများကို ပအိုဝ်းပြည်သူ့စစ် PNO က ပြီးခဲ့သည့် (နိုဝင်ဘာလ ၉ ရက်)နေ့တွင် ခြိမ်းခြောက်ပြောဆိုကာ အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း အသက် ၃၅ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။ “တိုက်ပွဲတွေနည်းနည်းငြိမ်နေတော့ သူတို့က ပြန်ခိုင်းနေတယ်။လုံးဝအိမ်မပြန်ရင်လည်း အိမ်ကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ကျနော်တို့ ရွာကိုပဲ တခြားရွာတွေတော့ မဖြစ်ဘူး။မိန်းကလေးတွေကိုတော့ မပြန်ခိုင်းဘူး ပေးမပြန်ဘူး။ကိုယ်အိမ်ကိုလည်း ကိုယ်စိတ်ပူတော့ တချို့တွေက ပြန်ရတာပေါ့။” ဟု အသက် ၃၅ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထိုစစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့ […]
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ပအိုဝ်းလူမျိုးနှင့် ကရင်နီလူမျိုးကြား ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။ ပင်လောင်း-ဖယ်ခုံနယ်စပ်ဖြစ်သည့် နောင်ဝိုး၊ လွယ်ကျိုင်းနှင့် ဗန်းမောက်ဖက်တွင် စစ်ကောင်စီ၊ PNO နှင့် တော်လှန်ရေးအင်အားစု PDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီးနောက်ပိုင်း စစ်ကောင်စီနှင့် PNOဘက်က အကျဆုံးများခဲ့သည်။ ထို့နောက် PNO က ကရင်နီလူမျိုးနှင့် ပအိုဝ်းလူမျိုးကြား လူမျိုးရေးပဋိပက္ခ ဖြစ်စေမည့် စကားလုံးများဖြင့် ပအိုဝ်းပြည်သူကြား ဝါဒဖြန့်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ “ PNO က ကရင်နီတွေက ပအိုဝ်းတွေပိုင်ဆိုင်သမျှ လုယူဖို့လာတာ။ သူတို့က ပအိုဝ်းပြည်သူတွေရဲ့ နယ်မြေကိုပါ လုယူဖို့ ကြိုးစားနေတာ။ စသဖြင့်ပေါ့ ကရင်နီလူမျိုးနဲ့ ပြဿနာဖြစ်အောင် ပြောဆိုတာပေါ့။ ပြီးတော့ ပအိုဝ်းပြည်သူတွေကို PNO ထဲဝင်ရင် ဂုဏ်ရှိတယ် ဘာညာပြောပြီး စစ်မှုထမ်းခေါ်တော့တာပဲ။” ဟု […]