ylliX - Online Advertising Network

မြေအောက်တမံက ပြောင်းလဲပေးလိုက်သော ဘဝများ

(၁) ”ရွာက ချောင်းဘေးမှာရှိပေမယ့် ဒီချောင်းက မိုးတွင်းမှ ရေရှိတာ၊ ရေရှိတယ်ဆိုတာလည်း အထက်ဘက်မှာ မိုးရွာတုန်းခဏပဲ။ အထက်မှာ မိုးရွာပြီဆိုရင် ချောင်းထဲကိုဖြတ်မသွားနဲ့တော့။ ရေလုံးက ဝါးလုံးထိုးစီးတာ။ မနှစ်က မိုးကလေးညို့လာပြီး လွတ်မယ်ထင်လို့ ရွာမြောက်ဘက်က သာရင် နွားလှည်းနဲ့ ဖြတ်ကူးလိုက်တာ၊ နွားရော၊ လူရော၊ လှည်းရော ရေစီးနဲ့ပါသွားလိုက်တာ သူ့သမီးငယ် ဂွက်ထော်မ ရှာမတွေ့တော့ဘူး။ ဒီချောင်းကအတော်လေးဆိုးတယ်။ တစ်နှစ်ကို တစ်ယောက်နှစ်ယောက် လူစားတယ်” မကွေးတိုင်းဒေသကြီး သဲတောကျေးရွာနေ ဦးချစ်တုံးက ပြောသည်။ ဦးချစ်တုံး ရည်ညွှန်းသည့် သဲတောရွာဘေးရှိချောင်းသည် သဲချောင်းဖြစ်သည်။ အဆိုပါ ချောင်းနည်းတူ မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင်နှင့် မုန်တိုင်း တိုက်ခတ်သောအခါများတွင် ရေများ တစ်ဟုန်ထိုး စီးဆင်းလာတတ်သဖြင့် ချောင်းဖြတ်ကူးသူများအတွက် အန္တရာယ်ကြီးမားလှသည်။ သို့သော် ချောင်းအထက်ဘက်တွင် […]