ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသစ် လက်ထက် အလားအလာရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အကြောင်း စ မေးချင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကို မျက်နှာသစ်တွေ ဝင်လာတော့မယ်။ ဒါက မြန်မာ့ အရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ပြန်လည်ပုံဖော်နိုင်မယ့် အခွင့်အလမ်းလား။ လာမယ့် ထရမ့် အစိုးရလက်ထက် မြန်မာ့အရေး ခေါင်းစဥ်အောက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံအပေါ် အမေရိကန်မူဝါဒ အပြောင်းအလဲဖြစ်ဖို့ မြင်ပါသလား။ Thomas Kean (ICG) ။ ။ ဒါဟာ အမေရိကန် ပြည်ထောင်စုအတွက် မြန်မာရေးရာမူဝါဒကို ပြန်လည်ပုံဖော်ဖို့ အခွင့်အလမ်း တရပ်ဆိုတဲ့ မှတ်ချက်ကို သဘောတူပါတယ်။ အုပ်ချုပ်မှု အပြောင်းအလဲ ရှိလာတဲ့အခါ […]