ylliX - Online Advertising Network

တပ်ဦးလ – ကျီးကန်း – MoeMaKa Media


Art by Than Htay Maung

ကျီးကန်း

တပ်ဦးလ

(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၅

သားကိုမရလို့

အဖေကိုဖမ်းပြီး ထောင်ချခဲ့တဲ့ သင်ရိုးညွှန်းတမ်းမှာ

မင်းဟာ ၄၀ မမ

မင်းဟာ ရှော့တိုက်ဒုံးကျည်

မင်းဟာ အဝေးပစ်လောင်ချာ

မင်းဟာ နွေဦးသူရဲကောင်း

အမည် ဗိုလ်ကျီးကန်း

ဗိသနိုးကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်

ထင်ရှားတဲ့အမှတ်အသား ကဗျာဆရာ

ဇ ရှိတယ်

လ ရှိတယ်

မြို့သစ်

အသံတိတ်နေလို့ ရှောင်ထွက်သွားတယ် မထင်ပါနဲ့

လမ်းညွှန်ဆိုင်းဘုတ်မှာ မျက်ရည်ချိတ်ထားတယ်

မင်းလွမ်းသလောက် ဝင်လာခဲ့

မြို့သစ်ကဗျာကို မြို့သစ်မှာရခဲ့တာညီ

ဒီကဗျာဟာ ဗိုလ်ကျီးကန်းပါ

ဒီကဗျာဟာ ဇျာန်ယောကြည်ပါ

ဒီကဗျာဟာ တော်လှန်ကဗျာဆရာတစ်ယောက်အတွက် နာလို့အော်တာပါ

ဆာလောင်မှုတိုင်းက အလွမ်းမပါခဲ့ရင်

ဒဏ်ရာတွေဟာ အလိုလိုနာကျင်တတ်ပါ့မလားညီ

အဲ့သလို

အချိန်နဲ့အခါနဲ့

ငါတို့ရင်ဘတ်တွေ ထအော်ခဲ့

မြို့ကိုရောက်ကတည်းက မင်းအကြောင်း 

ငါကြားတယ်ညီ

မြို့သေးသေးလေးရဲ့ နံရံတွေဆီကတစ်ဆင့်

မင်းရဲ့အိမ် ချိတ်ပိတ်တာဟာ

မင်းရဲ့နှလုံးသားကို အသေပိတ်လိုက်တာပဲ ငါ့ညီ

တောက်

အဲ့ဒါ မင်းပြန်ဖွင့်

မင့်နှလုံးသားနဲ့ဖွင့်မှ မင့်အိမ်ပြန်ပွင့်မှာ

မင်းဖြစ်ချင်ခဲ့တဲ့ ပြည်သူတွေရဲ့လွတ်မြောက်မှုကို မင်းပြန်ရမှာ

t.me@moemaka

#MoeMaKaMedia

#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *