မန္တလေး၊ ဖေဖော်ဝါရီ ၇ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေ စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ကြီးကျက်သရေ(အနောက်)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသိန်းလွင်၊ မြို့နယ်မြေပြင်စာရင်းကောက်ယူရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများက အိမ်ထောင်စု အမှတ်စဥ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိသူများ၊ အိမ်ထောင်စုစာရင်း မရှိသူများအား စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိစေရေးတို့ကို ကွင်းဆင်း ဆောင်ရွက်ကြရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အဖွဲ့ဝင် […]
နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ထောင်ထားသော မိုင်းကို နင်းမိ၍ ကလေးငယ် ၂ ဦး သေဆုံးကာ ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ အုပ်ဖိုမြို့နယ်၊ စင်မြင့်ရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသဖြင့် နေအိမ်များပျက်စီးခဲ့ကြောင်း မဟုတ်မမှန်ရေးသားဖြန့် ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ အဆိုပါ သတင်းမှာမှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူများသွား လာနေထိုင် အသုံးပြုလျက်ရှိသည့် လမ်းတံတားများ၊ အဆောက်အဦများတွင် မိုင်းထောင် ဖောက်ခွဲခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကသာ ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်း များကို နေ့မနား၊ ညမအားဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် အကြမ်းဖက်သမားများထောင်ထားသည့် […]
(မိုးမခ) ဖေဖော်ဝါရီ ၇ ၊ ၂၀၂၅ 6/2/25 Diary in the darkness ဖရဲသီးတွေထက် ပဒိုင်းသီးတွေက ပိုလက်သံပြောင်နေပါတယ်။ မိုးလင်းခါနီးမှ အအေးပိုလာတယ်။ မနက် ၇ နာရီကျော်တာတောင် မြူမကွဲသေး။ လမ်းထိပ်က ဓာတ်တိုင်ကို မှုန်ပြပြကလေးသာ မြင်ရတယ်။ လေထုညစ်ညမ်းတာလား မသိ။ မီးကတော့ မလာ။ နိုးနိုးချင်း ဖုန်းဖွင့်၊ youtube ကြည့်။ စစ်အာဏာသိမ်း လေးနှစ်မြောက် နှစ်ပတ်လည် အမှတ်တရ ဆဲဆိုသံတွေ ဝေစည်နေတယ်။ လူထုက ဆဲတယ်၊ မီဒီယာတွေက ဆဲတယ်။ စစ်မှုထမ်းဟောင်းတွေက ဆဲတယ်။ အဆိုးဆုံးကတော့ စစ်တပ် လော်ဘီတွေက ဆဲတာပါပဲ။ အာဏာသိမ်းတာ လေးနှစ်ရှိပြီ၊ တိုင်းပြည်အတွက် ဘာတခုမှကောင်းတာ မလုပ်နိုင်။ ကုန်ကုန်ပြောရရင် စစ်တပ်အတွက်လဲ ဘာတခုမှ […]
ဖဖော်ဝါရီ – ၇ ( သောကြာနေ့ ) ရုရှား ဖက်ဒရယ်လုံခြုံရေး ဝန်ဆောင်မှု ( FSB ) က တိုင်းပြည်အတွင်းမှာရှိတဲ့ ယူကရိန်း စပိုင်တွေနဲ့ အကြမ်းဖက်သမားများကို လိုက်လံရှာဖွေဖော်ထုတ်ပြီး ဖမ်းဆီးနေရာ အခုဆိုရင် စပိုင်အမျိုးသမီး ၄ ဦးကို ဖမ်းဆီးထားမိပြီ လို့ ဆိုပါတယ်။ ဆာဗတ်စတိုပေါ ၊ ဗိုရွန်နက်ဇ် နဲ့ ရော့စတော့- အွန်ဒွန် မြို့တွေမှာ ရုရှား အဆင့်မြင့် အရာရှိကြီးများကို လုပ်ကြံဖို့ နဲ့ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးဖို့ အတွက် စီစဉ်နေတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာပါ လို့ FSB က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးများသည် ယခင်က ယူကရိန်းနိုင်ငံအတွင်း၌ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ခဲ့ပြီး၊ လက်နက်များ […]
မိုးမခ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၅ ကျားဖြန့် လုပ်ငန်းတွေ ခိုအောင်းရာ မြန်မာပြည် အွန်လိုင်းပေါ်ကနေ ငွေကြေးလိမ်လည်တဲ့ ပြစ်မှုတွေ ကျူးလွန်တာ၊ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ လူအရင်းအမြစ်တွေကို ကမ္ဘာ့နိုင်ငံအနှံ့မှာရှိတဲ့သူတွေကို ဖျားယောင်းသွေးဆောင်ပြီး ခေါ်ယူတာ၊ အဲဒီနောက် တင်းကျပ်တဲ့ လုံခြုံရေးတွေနဲ့ အဓမ္မစေခိုင်းပြီး နှိပ်စက်မှု သတ်ဖြတ်မှုတွေအထိ ကျူးလွန်တာတွေအပြင် ကျေးကျွန်တွေသဖွယ် လူရောင်းစားတာတွေ အထိ ကျူးလွန်ကြတဲ့ တရုတ်ဘာသာနဲ့ ကျားဖြန့် လို့ခေါ်ဆိုတဲ့ လုပ်ငန်းတွေက ကမ္ဘာမှာ ဆယ်စုနှစ်တခုဝန်းကျင်အတွင်း အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာခဲ့ပါတယ်။ အင်တာနက်ပေါ်ကနေ ငွေလိမ်သလို လူတွေကိုလည်း ဖြားယောင်းသွေးဆောင် ခေါ်ယူပြီး ၄င်းတို့လက်ထဲ ရောက်ပြီးနောက်မှာ လွယ်လွယ်ကူကူ ပြန်ထွက်ဖို့ ခက်ခဲပြီး ငွေလိမ်တဲ့ လုပ်ငန်းကို လျာထားချက်ပြည့်အောင် မလုပ်နိုင်ခဲ့ရင် ရိုက်နှက်နှိပ်စက်တာတွေ လုပ်ကြသလို နောက်ဆုံး […]
ဖေဖော်ဝါရီ – ၇ ( ကြာသပတေးနေ့ ) ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ( UNHRC) ကနေ အမေရိကန် ထွက်တယ်လို့ ကြေညာပြီး နာရီပိုင်းအတွင်းမှာပင် အစ္စရေးကလည်း ထွက်တယ် လို့ ကြေညာခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာအာ က ကောင်စီသည် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစ္စရေးကို တိုက်ခိုက်ရုံမကဘူး ဂျူးဝါဒ ဆန့်ကျင်ရေးကို မြှောက်ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ သူရဲ့X ဆိုရှယ်မီဒီယာ အကောင့်မှာ “UNHRC က အခြားနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ လစ်လျူရှုနေပြီး အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီး လုပ်နေတာက အမှားကြီး လုပ်နေသလိုဖြစ်နေတယ်။ ကျနော်တို့ကို ခွဲခြားဆက်ဆံနေသလိုမျိုးဖြစ်နေတယ်” ဆိုပြီး ဝေဖန်ရေးသားတဲ့ပို့စ် တင်ထားပါတယ်။ အစ္စရေးသည် လူ့အခွင့်အရေးကောင်စီတွင် အမြဲတမ်း အစည်းအဝေးထိုင်ဖို့အတွက် အစီအစဉ်တစ်ခုမဟုတ်တစ်ခု ရှိနေတဲ့ […]
နေပြည်တော်၊ ဖေဖော်ဝါရီ ၇ စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စက်မှုဝန်ကြီးဌာနရုံး အမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် စက်မှုဖွံ့ဖြိုးရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ပေးခဲ့သည့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန် ၁၆ ချက်အပေါ် ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ကော်မရှင်၏လုပ်ငန်းတာဝန်များ ပြီးမြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အချိန်ဇယားရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ အဓိကစွမ်းဆောင်နိုင်မှု တိုင်းတာခြင်း၊ ညွှန်ကိန်းများသတ်မှတ်ခြင်းနှင့် သတ်မှတ်ထားသည့် ညွှန်ကိန်းများအတိုင်း သုံးသပ်အကဲဖြတ်ခြင်းတို့ကို ကော်မရှင်အဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဦးဆောင်စီမံ၍ […]
နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ပြည်ပမှစက်သုံးဆီနှင့် စားအုန်းဆီတင်သင်္ဘောများ ကြိုတင်စီမံထားသည့်အတိုင်း စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိသဖြင့် ပြည်တွင်းသုံးစွဲမှု လုံလောက်သည့်အပြင် အရန်ဆီများ ကြိုတင် သိုလှောင်ထားရှိပြီး ရောင်းဈေးနှုန်းသည်လည်း ယခင်ထက် လျော့နည်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။ လက်ရှိတွင် သီလဝါရှိ ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင် သင်္ဘောခြောက်စင်း၊ ပင်လယ်ဝတွင် သင်္ဘောသုံးစင်း ရောက်ရှိပြီဖြစ်ပြီး လမ်းခရီးတွင် သင်္ဘောတစ်စင်းနှင့် ပြည်ပနိုင်ငံတွင် စက်သုံးဆီ တင်ဆောင်နေသော သင်္ဘော ၁၀ စင်း အသင့် ဖြစ်နေပြီဖြစ်ကာ ဖေဖော်ဝါရီလအတွင်း သင်္ဘော ၂၉ စင်းဖြင့် စဉ်ဆက်မပြတ်တင်သွင်းရန် ကြိုတင် စီမံဆောင်ရွက်ထားကြောင်း အဆိုပါကော်မတီမှ သိရသည်။ ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရန်အတွက် နေ့စဉ်သုံးစွဲမှု ပမာဏအပြင် […]
နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအဝင်မုခ်ဦး၊ Photo Booth Interview Booth၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet)နေရာများ၊ ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ကြသူများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားအမည်များ ပြသထားရှိမှု၊ […]
ဖေဖော်ဝါရီ – ၆ ( ကြာသပတေးနေ့ ) အမေရိကန်နိုင်ငံမှာ အထောက်အထားမရှိ တရားမဝင်နေထိုင်တဲ့ အိန္ဒိယသားတွေကို စစ်လေယာဉ်တွေနဲ့ပြန်ပို့တဲ့ ဓာတ်ပုံတွေကို အမေရိကန်နယ်စပ် ကင်းလှည့်အဖွဲ့ခေါင်းဆောင် မိုက်ကယ်ဝက်စ်ဘန့်ခ်က သူ့ရဲ့X ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။ လေယာဉ်ပေါ်ကို ပို့နေချိန်မှာ အိန္ဒိယသားတွေကို လက်ထိပ်ခတ်ကာ သံခြေကျင်းကို ကြိုးနဲ့တွဲပြီး ပို့နေတဲ့ပုံပါ။ ပြီးတော့ ပုံအောက်မှာ “အမေရိကန်နယ်ခြားစောင့်တပ်နဲ့ မဟာမိတ်တွေက တရားမဝင်နေထိုင်နေတဲ့ အိန္ဒိယကလာတဲ့ ဂြိုဟ်သားတွေကို အောင်မြင်စွာနဲ့ ပြန်ပို့နိုင်ပါပြီ။ စစ်သုံးလေယာဉ်တွေနဲ့ အမြန်ဆုံး ပြန်ပို့လိုက်ပါပြီ။ ခင်ဗျားတို့ကျုပ်တို့နိုင်ငံကို တရားမဝင်လာရောက်နေ လို့ကတော့ ကျုပ်တို့က ပြန်ပို့မှာ”လို့ ရေးတင်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာက လက်ထိပ်ခတ်တာကို ကလေးတွေနဲ့ အမျိုးသမီးတွေကို မလုပ်ဖို့အတွက် အမေရိကန်အာဏာပိုင်တွေကို သတိပေးထားတယ်လို့ ဆိုပါတယ်။ အမေရိကန်က ပထမအသုတ်အနေနဲ့ […]