ylliX - Online Advertising Network

မောင်းမကန်ကမ်းခြေ၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ | Myawady Webportal


 

မောင်းမကန်ကမ်းခြေ၌  လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

 

ထားဝယ်   ဇန်နဝါရီ   ၆

     တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်မြို့  မောင်းမကန်ကမ်းခြေ၌ ပွင့်လင်းရာသီတွင်   လာရောက်လည်ပတ်သူ များပြားစည်ကားလျက်ရှိကြောင်း သိရသည်။

 ၂၀၂၁ ခုနှစ်နောက်ပိုင်း မောင်းမကန်ကမ်းခြေသို့  လာရောက်လည်ပတ်သူ နည်းပါးခဲ့ပြီး  ပွဲတော်ကာလများသာ စည်ကားခဲ့သော်လည်း ယခုနှစ်  ပွဲတော်ကာလများနှင့် ပွင့်လင်းရာသီတို့တွင် လာရောက်လည်ပတ်သူများ  ပိုမိုများပြားလာသည်။

 မောင်းမကန်ကမ်းခြေသည် ထားဝယ်မြို့၏ အထင်ကရ ကမ်းခြေများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး   ရပ်နီးရပ်ဝေးမှ ခရီးသွားလာဧည့်သည်များ၊ အပန်းဖြေကြသူများနှင့် လာရောက်လည်ပတ် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်းနှင့် စားသောက်ဆိုင်တန်းများ ရှိသည့်အတွက် လာရောက်လည်ပတ်သူများ အဆင်ပြေကြောင်း   သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *