(၈-၁-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၈-၁-၂၀၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် နယူးဒေလီမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၂၅) ကြိမ်မြောက် အာဆီယံ-နယူးဒေလီကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Ms. Ina H. Krisnamurthi က ဥက္ကဋ္ဌတာဝန်ယူခဲ့သည့်ကာလအတွင်း ANDC ကော်မတီ၏ လှုပ်ရှားများအား ပြန်လည်သုံးသပ်ခဲ့ပြီး အာဆီယံသံအမတ်ကြီးများက အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံအကြား စီးပွားဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသည့် အာဆီယံနိုင်ငံသံအမတ်ကြီးများက ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလအတွက် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည့် အင်ဒိုနီးရှားသံအမတ်ကြီးအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်မည့် အိန္ဒိယနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Boumy ထံသို့ အင်ဒိုနီးရှားသံအမတ်ကြီးမှ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား အပြန်အလှန် သွားရောက်ခဲ့သည့် ခရီးစဉ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် နယူးဒေလီမြို့သို့ မကြာသေးမီက ရောက်ရှိလာသည့် မြန်မာသံအမတ်ကြီးနှင့် ကမ္ဘောဒီးယားသံအမတ်ကြီးတို့အား ကြိုဆိုဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်ခဲ့ပြီး အာဆီယံမိသားစုဝင်များအား နွေးထွေးစွာကြိုဆိုကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။