ylliX - Online Advertising Network

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက် စွာရရှိလာနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား


နေပြည်တော်၊ ဇန်နဝါရီ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန် များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အားပေးဆောင် ရွက်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက် စွာရရှိလာနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားသွားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး  က ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၄ ခုနှစ်အတွင်း ပြင်ဦးလွင်ဒေသသို့ ရောက်ရှိစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြား ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဦးလွင်ခရိုင် ဖွံ့ဖြိုးတိုး တက်ရေး၊ ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူလူ ထုတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ဆောင်ရွက် လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များက လုပ်ငန်းများအလိုက် လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ တွေ့ကြုံနေရသည့် လုပ်ငန်းခွင်အခက်အခဲများနှင့် လုပ်ငန်း လိုအပ်ချက်များ၊ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျစေရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ် ချက်များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက  လုပ်ငန်းများ ဆောင် ရွက်ရာ၌ လျှပ်စစ်မီးလိုအပ်ချက်အပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရာတွင်လိုအပ်ချက်များအား သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ လာမည့် ပြည်ထောင်စုနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းထုတ်ကုန်ပြပွဲကို နေပြည် တော်၌ ပြည်ထောင်စုအဆင့်ဆောင်ရွက်ပေးသွားမည်အခြေအနေများ၊ နိုင်ငံတော်အစိုး ရအနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိမှုနှင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်  ရွက်လျက်ရှိမှု၊ စိုက်ပျိုးမြေလျှောက်ထားမှုနှင့်ပတ်သက်၍ သတ်မှတ်စည်းမျဉ်း စည်း ကမ်းများ၊ မူဝါများနှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိမှု၊ ကော်ဖီစိုက်ပျိုးခြင်းသည် အရိပ် ရအပင်များကိုပါ ထည့်သွင်းစိုက်ပျိုးရသည်ဖြစ်သဖြင့် Green Economy ကိုဖော်ဆောင် နေခြင်းပင်ဖြစ်သဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရန် လိုအပ်သည့် အခြေအနေများ၊ ပြင်ဦးလွင်ခရိုင်အနေဖြင့် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း ရှိသဖြင့် ၁၈ ဒသမ ၈၇ ရာခိုင်နှုန်းရှိပြီး စိမ်းလန်းစိုပြေသည့် နဂိုရှိရင်းစွဲ အရင်းအမြစ် အလှအပများ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည့် အခြေ အနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြင်ဦးလွင်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်း ဖွံ့ဖြိုးတိုး တက် ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိမှု၊ ဒေသ၏လူမှုရေးနှင့် စီးပွားရေးကောင်းမွန်စေရေး အလေးထား ဆောင် ရွက်ပေးလျက်ရှိမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က တင်ပြမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် ပြင်ဦးလွင်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းစေရေးအတွက်လိုအပ်သည်များကိုအကြံပြုတိုက်တွန်းဆွေးနွေးနိုင်ရန်လာရောက်  တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေသအလိုက်ထုတ်ကုန်များသည် အရည်အသွေးပိုင်းကောင်း မွန်သည်ဖြစ်သော်လည်း အချို့သောထုတ်ကုန်များသည် ထုပ်ပိုးမှုအပိုင်း၌ အဆင့်မီမီ ဖြစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း။

MSME လုပ်ငန်းများနှင့်ပတ်သက်၍ အဓိကအားဖြင့် မူဝါဒများချမှတ်ထားပြီး ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ လိုအပ်ချက်မှာ အဓိက အရေးကြီးလိုအပ်ချက်ဖြစ်သဖြင့် ဒေသတွင်းကုန်ကြမ်းများ လုံလောက်စွာ ထွက်ရှိ အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသအနေဖြင့် ဒေသမှထွက်ရှိသည့် နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဂျုံထွက်ပစ္စည်းများ၊ အသီးအနှံများမှ ထုတ်ကုန်ပစ္စည်းများ ထုတ် လုပ်လျက်ရှိကြောင်း၊ ဈေးကွက်လေ့လာဆန်းစစ်ချက်အရ  လူအများကြိုက်နှစ်သက် သည့် ပစ္စည်းများကို အရေအတွက်များများဖြင့် အရည်အသွေး ပြည့်မီစွာထုတ်လုပ်နိုင် မည်ဆိုပါက ပြည်ပသို့ပါတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း။

MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ နည်းပညာ၊ သွင်းအားစုနှင့် ရင်းနှီးစိုက်ထုတ်ငွေများလိုအပ်ပြီး ကုန်ကြမ်းများလုံလုံလောက်လောက် ရရှိနေရန်လိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကျိုးဖြစ်ထွန်း မှုရှိရန်လိုပြီး မိမိတို့နိုင်ငံ၏ MSME ကုန်ထုတ်လုပ်ငန်းတွင် ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများဖြစ်ကြောင်း၊ အခြားလူသုံးကုန် ပစ္စည်း ထုတ်လုပ်မှု၊ စက်ပစ္စည်းထုတ်လုပ်မှုနှင့် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရာခိုင်နှုန်းအားဖြင့် နည်းပါးနေဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကအားဖြင့် ဆောင်ရွက်မည်ဆိုပါကလည်း စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မှသာ ကုန်ကြမ်းများ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်သည့် လျှပ်စစ်မီး လိုအပ်ချက်များနှင့် ပတ်သက်၍လည်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်း များကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှလည်း နေရောင်ခြည် စွမ်း အင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနေဖြင့် စွမ်းအားပြည့် ထုတ်လုပ်နိုင်မှုမရှိခြင်း၊ အကြမ်းဖက်သမားများ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တာဝါတိုင်များအား ဖျက်ဆီးခြင်း၊ ဓာတ်ငွေ့များ လုံလောက်စွာရရှိမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ ထို့ပြင် နိုင်ငံတော်မှရည်မှန်းချက်ထား အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှာလည်း ကန့်ကွက်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု ရပ်တန့်သွားရ ခြင်းများလည်းရှိကြောင်း၊ ၂၀၀၅ ခုနှစ်ကစတင်၍ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းစီမံကိန်းများ အောင် မြင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိနေမည်ဖြစ်ကြောင်း၊ သို့သော်လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း စီမံကိန်းများအား နည်းလမ်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခဲ့မှုများကြောင့် စီမံ ကိန်းများရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် လျှပ်စစ်နှင့်ပတ်သက် ၍ အခက်အခဲများရှိသဖြင့် အချိန်တိုအတွင်းအောင်မြင်ပြီးမြောက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အားပေးဆောင် ရွက်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက် စွာရရှိလာနိုင်မည်ဖြစ်ကြောင်း။

သွင်းအားစုတွင်ပါဝင်သည့် စက်သုံးဆီများကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ် ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် အဝတ်အထည်များကို အသုံး ပြုပြီး ပြည်တွင်းဖြစ်ကိုအားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကိုလျှော့ချနိုင်မည်၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဖြစ်ကိုအားပေး၍ နိုင်ငံ့စီးပွားရေးကိုထိန်းသိမ်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။

စိုက်ပျိုးမြေများအပေါ်တွင် စိုက်ပျိုးရေးနှင့်မသက်ဆိုင်သည့်လုပ်ငန်းများ ဆောင် ရွက်ခြင်း မပြုရန်လိုပြီး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်း များကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အချို့စိုက်ပျိုးမြေရယူထားသူများ အနေဖြင့် စိုက်ပျိုးမြေများပေါ်တွင် သတ်မှတ်ချက်ထက်ကျော်လွန်သည့် အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ခြံကွက်များပြုလုပ်ထား သည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းများဖြင့်အသုံးပြုရာတွင် ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဆင့်ဆင့်တင်ပြ၍ ခွင့်ပြုချက်ရယူဆောင် ရွက်ရန်လိုကြောင်း၊ မြေအသုံးချမှုများ စည်းကမ်းတကျဖြစ်စေရေး တာဝန်ရှိသူများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်ပျိုးရေးအခြေခံနည်းလမ်းလေးသွယ်ကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သည် အအေးပိုင်းဒေသဖြစ်သဖြင့် ဂျုံသီးနှံများစိုက်ပျိုးမည်ဆိုပါက ဖြစ် ထွန်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *